ကိုရီးယား နှစ်နိုင်ငံ စစ်သင်္ဘောများ ရနှစ် အတွင်း ပထမအကြိမ် ပစ်ခတ်မှု ဖြစ်ပွားပြန်

alt

နှစ်နိုင်ငံ ရေပိုင်နက်ချင်း ထိစပ် နေသော ဒေသအနီး ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု များကြောင့် မြောက် ကိုရီးယား လှေတစင်း မီးလောင်ကျွမ်း ပျက်စီး သွားကြောင်း တောင် ကိုရီးယား

ရေတပ်က နိုဝင်ဘာ (၁၀)ရက် နေ့တွင် ကြေညာခဲ့သည်။

ထို့ကြောင့်လည်း အမေရိကန် သမ္မတ ဘာရက်အိုဘားမား လာရောက် လည်ပတ်မည့် ခရီးစဉ်မတိုင်မီ တပါတ်အလိုတွင် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများ တကြော့ပြန် ကြီးထွား လာခဲ့ရသည်။

အနောက်ဘက် ကမ်းခြေရှိ ပင်လယ်ဝါ အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွက် နှစ်ဖက်အစိုးရများ အပြန်အလှန် အပြစ်တင် နေကြပြီး တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်သည် ထိုပြဿနာ ပေါ်ပေါက်လာပြီးနောက် အစိုးရအဖွဲ့ အရေးပေါ် ချက်ချင်းခေါ်ယူပြီး အစည်းအဝေးကို  ကျင်းပခဲ့သည်။

တောင်ကိုရီးယား ၀န်ကြီးချုပ် ချွန်အန်ချန်က မြောက်ကိုရီးယား ရေတပ် သင်္ဘောတစင်းသည် တောင်ကိုရီးယား၏ မြန်နှုန်းမြင့် ကင်းစောင့် ရေယာဉ်တစင်းအား တိုက်ရိုက် ပစ်ခတ်ခဲ့သဖြင့် ယခုလို အပြန်အလှန် တိုက်ခိုက်မှုများ ပေါ်ပေါက် လာရခြင်း ဖြစ်ကြောင်း စွပ်စွဲလိုက်ခြင်း ဖြစ်သည်။ ချန်က မိမိတို့ဘက်မှ ပြန်လည် ပစ်ခတ်မှုကြောင့် မြောက်ကိုရီးယား ကင်းလှည့် သင်္ဘောတွင် မီးစွဲလောင်ကာ နယ်စပ်ဒေသမှ ဆုတ်ခွာသွားကြောင်း ပြောကြားခဲ့သည်။

လေ့လာသူ များကမူ ယင်းကိစ္စ အတွက် ပြံုယမ်းရှိ မြောက်ကိုရီးယား အစိုးရသည် အမေရိကန် သမ္မတ ဘာရက် အိုဘားမားအား အရေးဆိုမှု ပြုလုပ်ဖွယ် ရှိကြောင်း သုံးသပ် ခဲ့ကြသည်။ အိုဘားမားသည် လာမည့် သီတင်းပါတ် အတွင်း အာရှ ခရီးစဉ်အဖြစ် တောင်ကိုရီးယားနှင့် အခြားသော ကမာ္ဘ့ အရှေ့ခြမ်း နိုင်ငံများသို့ လာရောက်ရန် စီစဉ်ထားသည်။

၂မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုအတွင်း မိမိတို့ဘက်မှ သေကြေ ဒဏ်ရာရမှု မရှိခဲ့ဘဲ ရန်သူရေယာဉ်မှာ မြောက်ပိုင်းသို့ ဆုတ်ခွာသွားကြောင်း တောင်ကိုရီးယား ရေယာဉ်က သတင်းပို့ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မြောက်ပိုင်းရှိ ကွန်မြူနစ်နိုင်ငံက တိတိကျကျ ကြေညာမှုမျိုး မထုတ်ပြန် သေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here