အိန္ဒိယ နိုင်ငံသို့ ဘုန်းတော်ကြီး ဒလိုင်းလားမား ကြွရောက်မှု တရုတ်အစိုးရ ကန့်ကွက်

alt

အိန္ဒိယ နိုင်ငံသို့ တိဘက် ဘုန်းတော် ကြီး ဒလိုင်းလားမား အလည်အပတ် ကြွရောက် လာမှုအတွက် တရုတ် အစိုးရက နိုဝင်ဘာ (၁၀)ရက် နေ့တွင် အိန္ဒိယ အစိုးရထံ ဒုတိယအကြိမ် မြောက် တရားဝင် ကန့်ကွက်ခဲ့ကြောင်း

သိရှိရသည်။

တရုတ် နိုင်ငံက ဒလိုင်းလားမား ဘုန်းတော်ကြီး သည် တိဘက်နှင့် နီးကပ် နေသည့် အိန္ဒိယနိုင်ငံ နယ်စပ် ဒေသသို့ ရောက်ရှိနေခြင်းမှာ တရုတ် အစိုးရအား ရန်စသည့် စတန့် တခုသာ ဖြစ်ကြောင်း စွပ်စွဲထားခဲ့သည်။

တရုတ် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ကွင်ဂန်းက တရုတ် အစိုးရသည် ဗုဒ္ဓဘာသာဝင် သာသာနာ့ ခေါင်းဆောင်ကြီး အိန္ဒိယသို့ ကြွချီလာမှုအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ထို့အပြင် ယခု ကိစ္စသည် အိန္ဒိယက ဒလိုင်းလားမား၏ တရုတ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ်ကို ကြီးကြီးမားမား အမြတ်ထုတ် လိုက်ခြင်းဖြစ်ကြောင်း ကွင်က စွပ်စွဲ သွားခဲ့သေးသည်။ အငြင်းပွားဖွယ် နယ်စပ်ဒေသ အနီးထိ ဒလိုင်းလားမား ရောက်ရှိ လာခြင်းသည် ဘေဂျင်း အစိုးရအတွက် အကြီးအကျယ် စိတ် အနှောင့်အယှက် ဖြစ်ရပြီး ထိုခရီးစဉ် အတွက် ခွင့်ပြုချက် ပေးခဲ့သော အိနိ္ဒယ အစိုးရကိုလည်း ကန့်ကွက်ကြောင်း ကွင် က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဒလိုင်းလားမား ရောက်ရှိနေရာ အရူနာချယ် ပရာဒက်ရှ် ဒေသအား ၎င်းပိုင်ဆိုင်ရာ နယ်မြေအဖြစ် ပြောကြားထားပြီး ထိုဒေသသို့ ဘုန်းတော်ကြီး ရောက်ရှိနေခြင်းသည် တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေး အတွက် အနုတ် လက္ခဏာ ဆောင်လာလိမ့်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ကိုယ်တော်ကြီးသည် ပြီးခဲ့သည့် သီတင်းပါတ် ကတည်းက ယင်းဒေသသို့ ကြွချီလာခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here