စစ်ပွဲအတွက် အသင့်ပြင်ထားရန် ပြည်သူများအား ဗင်နီဇွဲလားသမ္မတ ကြေညာသတိပေး

alt

ဗင်နီဇွဲလားနိုင်ငံ သမ္မတ ဟူဂိုချားဗက်က စစ်တပ်နှင့် ပြည်သူများအား စစ်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားရန် နိုဝင်ဘာ (၈)ရက် နေ့က ကြေညာချက် ထုတ်ပြန် သတိပေး လိုက်သည်။

ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များ အတွင်း သမ္မတကြီးက မိမိတို့အနေနှင့် ရပ်တည်ချက် အတွက် တရက်မျှ အချိန် မဆိုင်းနိုင်တော့ကြောင်း၊ လူထုနှင့် စစ်တပ်သည်လည်း အစိုးရအား ကူညီသည့် အနေနှင့် စစ်တိုက်ရန် အသင့်ပြင်ထားဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

ယခု ပြောကြားမှုသည် ကိုလံဘီယာကို ရည်ညွှန်းခြင်း ဖြစ်ပြီး ကိုလံဘီယာနှင့် အမေရိကန် နိုင်ငံများ၏ စစ်ရေးအရ ပူးပေါင်းမှုကို တွန်းလှန် တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ ဗင်နီဇွဲလား၏ အိမ်နီးချင်းနိုင်ငံ ကိုလံဘီယာသည် ဟူဂို၏ မဟာရန်သူ အမေရိကန်အား နိုင်ငံအတွင်း အမေရိကန် စစ်သား (၁၄၀၀) တိုးချဲ့ နေရာချထားခွင့် ပြုရန်နှင့် စစ်အခြေစိုက်စခန်း (၇)ခု ဖွင့်ခွင့်ပေးရန် သဘောတူညီလိုက်ရာမှ ဟူဂိုတယောက် ယခုလို ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စကို အမေရိကန်နှင့် ကိုလံဘီယာတို့ ဇူလိုင်လအတွင်း စတင် ဆွေးနွေးကတည်းက ဗင်နီဇွဲလားနှင့် အခြားသော တောင်အမေရိက နိုင်ငံတခုဖြစ်သည့် အီကွေဒေါ တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကာ ၎င်းတို့၏ အမျိုးသားရေး လုံခြံုမှုကို ထိပါးလာနိုင်ကြောင်း အရေးဆ ိုခဲ့ကြသည်။

ကိုလံဘီယာ နိုင်ငံသည် ယခုအချိန်ထိ ကမာ္ဘပေါ်တွင် ကိုကင်းအများဆုံး ထွက်ရှိရာ နိုင်ငံတခုဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့ကြီး နှစ်ခုဖြစ်သည့် အမျိုးသား လစ်ဘရယ် တပ်မတော်နှင့် ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တို့၏ ရန်ကိုလည်း စိုးရိမ်နေရသည်။

ဟူဂို၏ ကြေညာချက်နှင့် ပတ်သက်ပြီး ကိုလံဘီယာက ကုလသမဂ္ဂကို အရေးဆိုထားပြီး နိုင်ငံလုံခြံုရေး အတွက် အကာအကွယ် ပေးရန် ပန်ကြားထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here