စကော့တလန် ရွေးကောက်ပွဲတွင် လေဘာပါတီအား ထောက်ခံကြောင်း မန်ယူနည်းပြ ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး ဆာအဲလက် ဖာဂူဆန်က ၎င်းသည် စကော့တလန် မြို့တော် ဂလတ်စဂို၏ အရှေ့မြောက်ပိုင်း ခရိုင် ရွေးကောက်ပွဲတွင် လေဘာပါတီကို ထောက်ခံကြောင်း

ပြောကြား လိုက်သည်။

ပြီးခဲ့သည့် သီတင်းပါတ် အတွင်း ဂလတ်စဂိုသို့ ရောက်ရှိနေသည့် စကော့လူမျိုး ကမာ္ဘကျော် ဘောလုံးနည်းပြကြီးက လေဘာပါတီမှ ၀င်ရောက် အရွေးခံမည့် ၀ီလီဘိန်းအား ထောက်ခံခဲ့သည်။

တချိန်က စားပွဲထိုး တဦးအဖြစ်လည်း လုပ်ကိုင်ဖူးပြီး ထိုစဉ် ကတည်းက လေဘာပါတီကို ထောက်ခံခဲ့သူ ဖာဂူဆန်က ၀ီလီသည် လိုအပ်သမျှကို သိမြင်ပြီး ပြည့်စုံအောင် ဖြည့်ဆည်းနိုင်သူဟု ချီးကျူး ပြောဆိုလိုက်သည်။

၀ီလီသည် ဂလက်စဂို လူထု၏ စိုးရိမ်ကြောင့်ကြမှုနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် သိမြင်နိုင်သူဟု နည်းပြကြီးက ထောက်ပြခဲ့သည်။ ၀ီလီသည် အကြမ်းဖက်မှုနှင့် မှုခင်းများကို နှိမ်နင်းနိုင်ပြီး လူထုအတွက် လုံခြံုမှုကို ဆောင်ကြဉ်းပေးနိုင်မည့်သူ ဖြစ်ကြောင်း၊ ၎င်းအား နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း ထောက်ခံမိပါကြောင်း နည်းပြကြီးက ပြောကြား သွားခဲ့သည်။

ဂလတ်စဂို အရှေ့မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာ (၁၂)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး စာရင်းသွင်း ယှဉ်ပြိုင်သူ (၁၃)ဦး ရှိသည်ဟု သိရှိရပြီး၊  ဘိန်းက ဆာအဲလက်(စ်) ကဲ့သို့ ကမာ္ဘကျော် ပုဂ္ဂိုလ်ကြီးတဦး၏ အားပေး ထောက်ခံမှုကို ရရှိသောကြောင့် အားလည်းတက်ကာ ၀မ်းသာကြည်နူး မိကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here