မြန်မာ – အီဂျစ် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှုရ

alt

မြန်မာ နိုင်ငံနှင့် အီဂျစ် နိုင်ငံတို့သည် ပညာရေး၊ နည်းပညာနှင့် ယဉ်ကျေးမှု ကဏ္ဍများ အတွက် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွားရန် သဘော တူညီမှု ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ 

နိုဝင်ဘာ (၇)ရက် နေ့ထုတ် မြန်မာ ့အလင်း သတင်းစာ၏ အဆိုအရ မြန်မာ့ အမျိုးသား စီမံကိန်း စီးပွားရေး တိုးတက်မှု ၀န်ကြီး ဦးစိုးသာ နှင့် အီဂျစ် သံအမတ်တို့သည် နေပြည်တော်တွင် ပြီးခဲ့သည့် သီတင်းပါတ် အတွင်း က ယင်း သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရသည်။

အစောပိုင်း သတင်းများက နှစ်နိုင်ငံ အစိုးရများသည် စိုက်ပျိုးရေး ကဏ္ဍတွင် ပိုမိုပူးပေါင်း လုပ်ဆောင်ကာ မြန်မာအစိုးရ၏ ကိုယ်စားလှယ်များကို အီဂျစ်သို့ စေလွှတ်ရန်နှင့် အီဂျစ် ကုမ္မဏီများ မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံရန် စေ့စပ် ဆွေးနွေးခဲ့သေးကြောင်း ဖော်ပြထားသည်။

မြန်မာနှင့် အီဂျစ်နှစ်နိုင်ငံ ပူးပေါင်းမှုကို ယမန်နှစ်က စတင် အခြေတည်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စများကို ရန်ကုန်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ မြန်မာနှင့် အီဂျစ် နှစ်နိုင်ငံအကြား ပထမဆုံး အစည်းအဝေးကို (၂၀၀၆)ခုနှစ်၊ မတ်လအတွင်း ကိုင်ရိုတွင် ကျင်းပခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံကာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် သဘောတူညီ ခဲ့ကြသည်။

ထိုစဉ်က မြန်မာ့ဝန်ကြီးဟောင်း ဦးကျော်သူသည် အာဆီယံနှင့် အီဂျစ်တို့ ပူးပေါင်းပြုလုပ်သည့် ညီလာခံ တခုအတွက် ကိုင်ရိုသို့ သွားရောက်ပြီး အီဂျစ် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး အလီဟူဆမ်နှင့် တွေ့ဆုံ ခဲ့သေးသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here