မြန်မာ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ဂျပန်ဝန်ကြီးချုပ် တောင်းဆို

alt

ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ယူကီယို ဟာတိုယာမာ က မြန်မာ စစ်အစိုးရ အား နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆို တိုက်တွန်း လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်

အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် လာပါက နောက်ထပ် အထောက်အပံ့ အသစ်များ ပေးပို့ သွားမည်ဟု ကတိပြုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပါတ် အကုန်က တိုကျိုတွင် ရောက်ရှိနေသည့် မြန်မာ့ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံစဉ် ဟာတိုယာမာ က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် (၂၀၁၀) ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒီမိုကရေစီ နည်းလမ်း ကျနစွာ ကျင်းပရန် ဂျပန် အစိုးရက အလိုရှိကြောင်းလည်း ဟာတိုယာမာက ဗိုလ်ချုပ်သိန်းစိန်အား ပြောကြား ခဲ့သည်။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို ရွေးကောက်ပွဲ မတိုင်မီ ပြန်လွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။ ဟာတိုယာမာက မြန်မာ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အား ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး ဂျပန်အနေနှင့် မြန်မာနိုင်ငံသို့ လူသားခြင်း စာနာမှုနှင့် လူသားရင်းမြစ် ဖွံ့ဖြိုးမှု အထောက်အပံ့များ ထပ်မံ ပို့ပေးသွားမည်ဟု ကတိပြုခဲ့သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သလို အမေရိကန် သမ္မတ ဘာရက် အိုဘားမား နှင့်လည်း ယခု သီတင်းပါတ်ကုန်တွင် တွေ့ဆုံဖွယ် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here