X Men မင်းသား Sexy ဖြစ်သည် ဆိုခြင်းအား မနှစ်သက်

alt

X Men ဇာတ်ကားမှ မင်းသားဖြစ်သူ ဟုဂ်ဂျက်မင်း က မိမိအား Sexy ဖြစ်သည် ဆိုသော ဂုဏ်ပုဒ်ဖြင့် ချီးကျူး နေခြင်းကို မနှစ်မြို့ကြောင်း ပြောကြား ခဲ့သည်။

People မဂ္ဂဇင်း၏ Sexy အဖြစ်ဆုံး အမျိုးသားဆိုသော ဘွဲ့ထူးကို ချီးမြှင့် ခံထားရသည့် ဂျက်မင်းက ထိုဘွဲ့အား တခြားသူ တဦးထံ လွှဲပေးရန် ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

မိမိသည် အနုပညာ အတွက် ဂုဏ်ယူသော်လည်း Sexy ဖြစ်ရသည့် အတွက် ဂုဏ်မယူပါဟု ဂျက်မင်း ကဆိုသည်။ People မဂ္ဂဇင်းနှင့်ပင် ပြုလုပ်သော အင်တာဗျူး အတွင်း ဂျက်မင်းက ယခင်က Sexy အဖြစ်ဆုံး မင်းသားများဖြစ်သည့် မတ်ဒမွန်၊ ဂျော့ရှ်ကလူနေးလ်၊ ဂျွန်နီဒိ(ပ်)၊ မက်သရူး မက်ကော်တနီ နှင့် ဂျုလော စသူတို့နှင့် ခိုင်းနှိုင်းခံရခြင်း အတွက်မူ ကျေနပ်မိကြောင်း ၀န်ခံသွားသည်။

ဂျက်မင်းသည် တကမာ္ဘလုံးမှ အမျိုးသမီး အတော်များများကို ညှို့ယူနိုင်သည့် ယောက်ျားအဖြစ် သတ်မှတ်ခံရသည့်တိုင် (၁၉၉၆) ခုနှစ် ကတည်းက လက်ထပ်ထားသည့် မင်းသမီး ဒါဘိုရာ လီဖားနက် နှင့်သာ ပျော်ရွှင်စွာ နေထိုင်ပြီး အိမ်ထောင်အပေါ် ဂရုစိုက်သော မင်းသား အဖြစ်လည်း ချီးကျူး ခံနေရသည်။ ဩစတြေးလျဖွား ဂျက်မင်းသည် ဇနီးသည်နှင့်အတူ မွေးစား ကလေးငယ် (၂)ဦး ရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here