နေ့စဉ် လက်ဖက်ရည် သောက်ခြင်း ကျန်းမာရေးအတွက် အထောက်အကူပြု

alt

နေ့စဉ် လက်ဖက်ရည် ရှစ်ခွက်စီ သောက်သုံး ခြင်းသည် ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေ နိုင်ကြောင်း အစားအသောက် ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက

ထောက်ခံ ခဲ့ကြသည်။

ဗြိတိန် နိုင်ငံတွင် လူကြိုက် အများဆုံး သောက်သုံး ကုန်စည် ဖြစ်သည့် လက်ဖက်ရည် သည် ကျန်းမာရေးကို ကောင်းကျိုးပြုကြောင်း အာဟာရ ပြုမှုဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဒေါက်တာ ကာရီ ရက်စတန် က ပြောကြား သွားခဲ့သည်။

နေ့စဉ် လက်ဖက်ရည် (၈)ခွက်စီမျှ သောက်ခြင်း သည် ဦးနှောက်၏ စွမ်းအားကို တိုးပွားစေပြီး အသက်ရှည် စေမည့် နည်းလမ်း တခုဟု ရက်စတန် က ဆိုသည်။ ရက်စတန်က သူမသည် လူအများ စွဲစွဲလန်းလန်း သောက်သုံး သည့် လက်ဖက်ရည်၊ ကော်ဖီနှင့် ကိုကိုး တို့က လူများအတွက် မည်သို့သော ကောင်းကျိုး ဆိုးကျိုးများ သက်ရောက် စေသည်ကို လေ့လာခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ရက်စတန်သည် စနစ်တကျ လေ့လာမှု (၄၇)ခုကို ပြုလုပ်ပြီးနောက် ကဖိန်းဓာတ်သည် နှလုံး ဖောက်ပြန်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်နိုင်ခြေ လျော့ကျစေပြီး များများသောက်ပါက တက်ကြွပြီး ရွှင်လန်းစေရန် လှုံ့ဆော်ပေးကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

သူမက အရွယ်ရောက်ပြီး သူတဦးသည် တနေ့လျှင် ကဖိန်း (၄၀၀) မီလီဂရမ်ခန့် မှီဝဲသင့်ကြောင်း အကြံပြုခဲ့ပြီး ယင်းပမာဏ ဖြည့်တင်းနိုင်ရန် လက်ဖက်ရည် (၈)ခွက်၊ သို့မဟုတ် ကော်ဖီ (၄)ခွက်မျှ ပုံမှန် သောက်သုံးရမည် ဖြစ်သည်။

ဒေါက်တာ ရက်စတန် က လက်ဖက်ရည်သည် ကလေးများအတွက်လည်း ကောင်းမွန်သည့် အာနိသင် ရှိနေသော်လည်း တစ်နေ့လျှင် (၉၅) မီလီဂရမ်ထက် ပိုမသောက်သင့်ကြောင်း သတိပေးခဲ့သည်။ ယင်းပမာဏသည် တနေ့လျှင် လက်ဖက်ရည် ခွက်သေး (၂)ခွက်၊ သို့မဟုတ် ကော်ဖီ ခပ်ပျော့ပျော့ ခွက်သေး (၁)ခွက်စာ မျှသာဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here