ဗြိတိန် ဆယ်ကျော်သက်များ အလေးအနက် ထားသောအရာ

alt

Girlguiding UK အမည်ရှိ အဖွဲ့တခုက ဗြိတိန်နိုင်ငံ အတွင်းရှိ အသက် (၇)နှစ်မှ (၂၁)နှစ်ကြား မိန်းကလေး များအား သူမတို့ အမှန်တကယ် အလေးအနက် ထားသော အရာကို ပြောကြားရန် ဆန္ဒကောက်ခံ ခဲ့ရာ

အများစုက ကျန်းမာရေး၊ ပညာရေး၊ မိသားစုဘဝ နှင့် ပတ်ဝန်းကျင် စသဖြင့် ဖြေကြား ခဲ့ကြသည်။ အသက် (၁၇)နှစ်ရှိ လာပါဆန် ဆိုသူ မိန်းကလေးက သူမသည် အခြားသော မိန်းကလေးများ ဘဝတွင် မည်သည့် ကိစ္စကို ဦးစားပေးကြောင်း အလွန် သိချင်သဖြင့် ယခု ဆွေးနွေးပွဲကို စိတ်ပါ ၀င်စားစွာ ပါ၀င်ခဲ့ကြောင်း ပြောဆို သွားခဲ့သည်။

၎င်းအဖွဲ့၏ အဆိုအရ အချို့ မိန်းကလေးများသည် ခန္ဓာကိုယ် အချိုးအစားကို အလေးထားကြပြီး အချို့ ကမူ Celebrity တဦးအဖြစ် မဂ္ဂဇင်းများက ဖော်ပြသည်ကို ခံလိုကြသည်။ အချို့ ကလည်း မိမိတို့ နှစ်သက်သည့် Celebrity များနှင့် ရုပ်ချင်းတူရန် ခွဲစိတ်လိုကြောင်း ဖြေကြားကြသည်။

သို့သော်လည်း စစ်တမ်း၏ အဆိုအရ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်ရေးကို အာရုံစိုက်သော အမျိုးသမီး အများစုသည် ကျန်းမာရေးနှင့် လျော်ညီအောင် စားသောက်ခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းများတွင် အားနည်း တတ်ကြောင်း သိရှိရသည်။ ယခင်က ဆယ်ကျော်သက် အပျိုပေါက် အရွယ် အမျိုးသမီးများ ကသာ အလှအပကို စတင် အာရုံစိုက် လာသော်လည်း ယခုအခါ (၉)နှစ်၊ (၁၀)နှစ်အရွယ် မိန်းကလေးများပင် ၀မည်ကို စိုးရိမ်တတ်လာကြောင်း စစ်တမ်းက ဆိုသည်။

အသက် (၁၁)နှစ်မှ (၁၆)နှစ်ကြား မိန်းကလေး အတော်များများက ကျောင်းတက်ရခြင်းသည် စိတ်ပျက်စရာ၊ ငြီးငွေ့စရာနှင့် အချိန်ဖြုန်း နေရခြင်းဟု မှတ်ယူတတ်ကြောင်း စစ်တမ်းက ဖော်ထုတ် တွေ့ရှိခဲ့သည်။ ယခု ကောက်ခံထားသော စစ်တမ်းကြောင့် ငယ်ရွယ်သော မိန်းကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို သုတေသနပြုရန် နှင့် မိန်းကလေးများ၏ ဘဝကို မြှင့်တင်ပေးရန် အတွက် ကောင်းကျိုးများ ရရှိစေမည်ဟု မျှော်လင့်ကြောင်း Girlguiding UK က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here