ဘက်ခမ်း၏ သားအလတ် ဖက်ရှင် အမြင်ရှိဟုဆို

alt

ဗစ်တိုးရီးယား ဘက်ခမ်းက သူမ၏ သားအလတ် သည် (၇)နှစ် အရွယ် ကတည်းက ဖက်ရှင် အမြင်ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ရိုမီယိုသည် ၎င်း၏ (၁၀)နှစ် အရွယ် အစ်ကိုဖြစ်သူ ဘရွတ်ကလင်း၊ (၄)နှစ်သား ညီငယ် ခရုစ်တို့နှင့် မတူဘဲ ဖက်ရှင်ဘက်တွင် စိတ်ဝင်စား သလို အမြင်လည်း ထက်သန်ကြောင်း အဆိုတော် ဘဝမှ ဖက်ရှင် ဒီဇိုင်နာ ဖြစ်လာသူ ဗစ်တိုးရီးယား က ဆိုသည်။

ကျန်သား (၂)ဦးသည် ဖခင်ဖြစ်သူ ဒေးဗစ် ဘက်ခမ်း ကဲ့သို့ ဘောလုံးကန်ရန် စိတ်ဝင်စား သော်လည်း အလတ်ဖြစ်သည့် ရိုမီယို ကမူ မအေ ဖက်လိုက်ကြောင်း Spice Girls အဖွဲ့မှ အဆိုတော် ဟောင်းက မှတ်ချက်ပြု ခဲ့သည်။

ရိုမီယိုသည် (၇)နှစ်သာ ရှိသေးသော်လည်း မိခင်အား ဖက်ရှင်နှင့် ပတ်သက်ပြီး အကြံဉာဏ် အချို့ပင် ပေးနေပြီဟု သိရှိရသည်။ သူမတို့ မိသားစု ညစာ ထွက်စားရန် ပြင်ဆင်ချိန်တွင် သားအလတ်က သူမအား မည်သည့် ၀တ်စုံ ၀တ်သင့်ကြောင်း အကြံပေး တတ်သလို အမေနှင့် အတူ အလုပ်တွဲ လုပ်လိုကြောင်း ပြောပြ တတ်သည်ဟု ဗစ်တိုးရီးယားက ပြောဆို သွားခဲ့သည်။

ဗစ်တိုးရီးယားသည် ခင်ပွန်းဖြစ်သူ ကြေးစား ဘောလုံးသမား ဘဝ ဖြတ်သန်းရသည့် ကလပ်အသင်းများ အလိုက် အင်္ဂလန်၊ စပိန်နှင့် အမေရိကန် စသော နိုင်ငံများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရသော်လည်း ဖက်ရှင် လုပ်ငန်းနှင့် ပတ်သက်ပြီး ကြီးမားသော ကွဲပြားမှု မရှိဟု ယူဆမိကြောင်း သုံးသပ် ပြောဆိုသွားသည်။

ဒေးဗစ်သည် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ် မှတဆင့် အမေရိကန်ကလပ် လော့စ်အိန်ဂျယ်လိစ် ဂလက်စီသို့ ပြောင်းရွှေ့ရန် ဒေါ်လာသန်း (၂၅၀) တန်ကြေးရှိ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီးနောက် ဗစ်တိုးရီးယား သည်လည်း သူမ၏ ဖက်ရှင် အင်ပါယာကို အမေရိကန် အထိ ချဲ့ထွင်လာခဲ့ပြီး အောင်မြင်မှုများလည်း ရရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here