ယောက်ျား အများစု လိင်ကိစ္စအပေါ် အာရုံများတတ်ကြ

alt

ယောက်ျား အများစုသည် တနေ့လျှင် လိင်နှင့် ပတ်သက်သော အကြောင်း အရာကို အမြောက်အမြား စဉ်းစားလေ့ ရှိကြောင်း ဆရာဝန်များက ထောက်ပြ ပြောကြားလိုက်သည်။

လေ့လာမှုများ အရ အမျိုးသား အများစုသည် (၇)စက္ကန့် ကြာတိုင်း လိင်နှင့် ပတ်သက်သည့် ကိစ္စကို တကြိမ် တွေးကြောင်း သိရှိရသည်။ တော်ရုံတန်ရုံ စိတ်မပါသူ များပင် မိနစ် အနည်းငယ် ကြာတိုင်း တကြိမ်မျှ တွေးလေ့ရှိပြီး ပျမ်းမျှအားဖြင့် တရက်လျင် (၁၆)နာရီ နိုးထနေသော အမျိုးသား များသည် အကြိမ် (၈၀၀၀) အထိ ယင်းကိစ္စကို တွေးတောနေကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။

အမေရိကန် Social Organization of Sexuality မှ လေ့လာမှုများ အရ အမေရိကန် နိုင်ငံသား အားလုံး၏ (၅၄) ရာခိုင်နှုန်းသည် နေ့တိုင်းနေ့တိုင်း လိင်အကြောင်း တွေးလေ့ရှိပြီး (၄၃) ရာခိုင်နှုန်း ခန့်မှာမူ တပါတ်လျှင် အကြိမ် အနည်းငယ် တွေးတောတတ်ကြောင်း သိရှိရသည်။(၄) ရာခိုင်နှုန်း အောက်သာ လိင်အကြောင်း စိတ်ဝင်စားမှု အလွန်နည်းပြီး တလလျှင် တကြိမ်အောက် အရေအတွက် မျှသာ စဉ်းစားလေ့ ရှိကြောင်း လေ့လာမှုများက ညွှန်ပြနေသည်။

အမျိုးသမီး များသည်လည်း အမျိုးသား များလောက် မတွေးသည့်တိုင် ထိုကိစ္စကို အားသန်မှု ရှိကြောင်း ယင်း Organization က ဆိုသည်။ လိင်နှင့် ပတ်သက်ပြီး အမေရိကန် အမျိုးသမီးများမှ (၁၉) ရာခိုင်နှုန်းသည် နေ့စဉ် တွေးတောပြီး၊ (၆၇) ရာခိုင်နှုန်း ကသာ တပါတ်လျှင် အကြိမ်အနည်းငယ် တွေးလေ့ရှိကြောင်း၊ သို့သော်လည်း လိင်ကိစ္စကို လုံးဝနီးပါး စိတ်မဝင်စား သူမှာ ယောက်ျားများထက် ပိုများပြီး တစ်လလျှင် တကြိမ်အောက် စဉ်းစားတတ်သည်မှာ အမျိုးသမီး ဦးရေ၏ (၁၄) ရာခိုင်နှုန်း အထိရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here