လူသားစား ငါးမန်း၏ ပြုံးနေသည့် မျက်နှာကို အနီးကပ် မှတ်တမ်း တင်နိုင်ခဲ့

alt

အာမို(စ်)နာချုံး သည် ကြောက်စရာ ကောင်းလှသည့် လူသားစား ငါးမန်းကြီး တကောင်၏ အပြံုးကို ကင်မရာဖြင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူ ပြနိုင်ခဲ့ပြီ ဖြစ်သည်။

ဩဂုတ်လ အတွင်း မက္ကစီကိုနိုင်ငံ၊ ဂွာဒါလူပီ ပင်လယ်ကွေ့ တွင် အပျော် တမ်း ရေငုပ်စဉ် အာမို(စ်)က ထို ထူးထူးခြားခြား ဓာတ်ပုံကို ရရှိလာခြင်း ဖြစ်သည်။

ကမာ္ဘ့ပင်လယ် သမုဒ္ဒရာ များတွင် အန္တရာယ် အကြီးဆုံး သားစားသတ္တဝါ အဖြစ် သတ်မှတ် ခံထားရသည့် ငါးမန်းကြီးသည် နာချုံး ၏ ရှေ့တည့်တည့်သို့ စူးစမ်းရန် ရောက်လာစဉ် နာချုံး က ဓာတ်ပုံ ရိုက်လိုက်ရာ (၁၄)ပေ အရှည်ရှိ သတ္တဝါကြီး၏ ပါးစပ် အနေအထားမှာ အပြံုးဖြင့် Post ပေးနေသလို ဖြစ်လျှက် ရှိသည်။

ထိုဓာတ်ပုံနှင့် ပတ်သက်ပြီး အများစုက ငါးမန်းကြီးသည် (၂၀၀၃) ခုနှစ်က ကာတွန်းရုပ်ရှင် Finding Nemo ထဲမှ ငါးမန်းကြီး ဘရုစ်၏ အပြံုးနှင့် ဆင်ဆင်တူကြောင်း ပြောကြားခဲ့ကြသည်။ အသက် (၅၉)နှစ်ရှိ ရေငုပ်သမားက ၎င်း၏ စွန့်စွန့်စားစား လုပ်ရပ်နှင့် ပတ်သက်ပြီး ၎င်းသည် ငါးမန်းကြီးအား ဓာတ်ပုံ သွားရိုက်ရာတွင် (၁၀၀) ရာခိုင်နှုန်း အကြောက်တရား မရှိကြောင်း ခပ်ကြွားကြွား ပြောကြားခဲ့သည်။

အမှန်အားဖြင့် အကြောက်တရား ဟူသည် ခံယူသူ၏ စိတ်နှလုံးတွင်သာ ရှိကြောင်း အာမို(စ်)က ပြောကြားခဲ့ပြီး သာမန်လူများ အတွက် မိမိ၏လုပ်ရပ်သည် သေမင်း မေးရိုးများနှင့် လက်တကမ်း အကွာထိ နီးစပ်ခဲ့သည်ဟု ယူဆဖွယ် ရှိကြောင်း ပြောဆို သွားခဲ့သည်။

သို့သော်လည်း လေ့လာသူများက ငါးမန်းဖြူ များသည် အမြင်စွမ်းအား အရ အနီးမှုန်လေ့ ရှိခြင်းကြောင့် အာမို(စ်) တယောက် ကံကောင်းသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ ပညာရှင်များ၏ အဆိုအရ ငါးမန်းဖြူများသည် လူများကို တိုက်ခိုက် တတ်သော်လည်း များသောအားဖြင့် မျက်စိမှုန်ခြင်းကြောင့် လူနှင့်အခြား ပင်လယ်ငါးများ မှားယွင်းကာ တိုက်ခိုက် သတ်ဖြတ်ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here