အချစ်ကြောင့် မှားခဲ့သည်ဟု ရီဟားနား ပြောကြား

alt

ရီဟာနာက သူမနှင့် ချစ်သူ ခရစ်ဘရောင်းတို့ ပြဿနာ ဖြစ်ပွားပြီးမှ ဘရောင်းနှင့် ပြန်တွဲ ခဲ့ခြင်းသည် အချစ်ကြောင့် မျက်စိကန်း သွားခြင်းသာ ဖြစ်ကြောင်း ၀န်ခံခဲ့သည်။

ABC မှ တင်ဆက်သည့် Good Morning America အစီအစဉ်တွင် သူမနှင့် ဘရောင်းတို့ ဖေဖော်ဝါရီ လက ဖြစ်ပွားခဲ့သော ပြဿနာနှင့် ပတ်သက်ပြီး ရီဟာနာက ပထမဆုံး အကြိမ် ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။

သူမသည် ဘရောင်းအား ချစ်သည့်စိတ် တခုထဲနှင့် ယခင်လို အတူ ပြန်နေပါက အခြေအနေ အားလုံး ငြိမ်သက်သွားမည်ဟု မိုက်မိုက်မဲမဲ ယုံကြည် ခဲ့မိကြောင်း၊ သို့သော်လည်း သူမတို့ နှစ်ဦး၏ အချစ်ရေးသည် မည်သို့မျှ ပြန်အဆင်မပြေ နိုင်တော့သလို သူမသည် ဘရောင်းထံ ပြန်သွားခဲ့ခြင်းမှာ အရူးလုပ်ရပ် သက်သက်သာ ဖြစ်ကြောင်း ရီဟာနာက ပြောကြားသွားသည်။

ထိုသို့ မဆင်မခြင် ပြုခဲ့ခြင်းသည် သူမအတွက် အရှက်ရ စေခဲ့သလို လူအများ ကဲ့ရဲ့စရာလည်း ဖြစ်သွားကြောင်း အဆိုတော်မလေးက ဆိုသည်။ ရီဟာနာသည် ဘရောင်း၏ ရိုက်နှက်မှုကြောင့် မျက်နှာတွင် ဒဏ်ရာများ အပြည့် ရနေသော ဓာတ်ပုံကို TMZ သတင်းဌာနက ဖော်ပြခဲ့ပြီး နောက် ရီဟာနာနှင့် ဘရောင်းတို့၏ ပြဿနာကို ပရိသတ် စိတ်ဝင်စားမှု တိုးလာခဲ့ရသည်။

ရီဟာနာက သူမသည် ဘရောင်းကို ချစ်ခဲ့ကြောင်း၊ ထို့ကြောင့့်လည်း ယင်းကဲ့သို့ အဆင်ခြင်မဲ့သည့် လုပ်ရပ်ကို မစဉ်းမစား လုပ်ခဲ့မိခြင်း ဖြစ်ကြောင်း၊ ငယ်ရွယ်သေးသည့် မိန်းကလေး များကိုလည်း သူမကဲ့သို့ အချစ်ကို ဦးစားပေးပြီး ရူးရူးမိုက်မိုက် အလုပ်များ မလုပ်မိရန် စေတနာနှင့် သတိပေးလိုကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here