အိုဘားမား မြန်မာစစ် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

alt

မနီလာမှ လာသော အေပီသတင်း တပုဒ်အရ နိုဝင်ဘာလ ၁၅ရက် အတွင်း စင်္ကာပူတွင် တွေ့ဆုံကြမည့် အရှေ့ တောင် အာရှ နိုင်ငံများ၏ အဆင့်မြင့် ခေါင်းဆောင်များ ထိပ်သီး အစည်းဝေး တွင် ဝါရှင်တန် အစိုးရနှင့် မြန်မာ

စစ်ခေါင်းဆောင် များ တွေ့ဆုံရန် သေခြာကြောင်း ပြောကြားလိုက်သည်။

အာရှ ပစိဖိတ်ဒေသ စီးပွားရေး ထိပ်သီး ညီလာခံတွင် အမေရိကန် သမတ ဘားရက် အိုဘားမားနှင့် နံမည်ဆိုးနှင့် ကျော်ကြားလှသော မြန်မာ စစ်ခေါင်းဆောင်တို့ တွေ့ဆုံမည်ဟု မကြာသေးမီက မြန်မာပြည်မှ ပြန်လာသော အာဆီယံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ အလန် မာဆီယယ် က ယနေ့ အတည်ပြု ပြောကြားလိုက်သည်။

မြန်မာတို့ ဖက်မှ ၃၂ကြိမ်မြောက် ယင်းထိပ်သီး ညီလာခံသို့ စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန် တက်ရောက်မည်ဟု မြန်မာဝါရင့် သံတမန် ဦးမင်းလွင်မှ ဖိလစ်ပိုင်နိုင်ငံမှ အေပီ သတင်းဋ္ဌာနသို့ ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံ၏ အဆင့် အမြင့်ဆုံးသော ပုဂ္ဂိုလ်နှင့် မြန်မာ စစ်အစိုးရ တွေ့ဆုံခဲ့ခြင်း နောက်ဆုံးမှာ ၁၉၆၆ ခုနှစ်က အာဏာရှင် ဝန်ကြီးချုပ် ဗိုလ်ချုပ်နေဝင်း နှင့် အမေရိကန် သမတ လင်ဒန် ဘီဂျွန်ဆင် နှင့် ဖြစ်ပြီး ယခု အိုဘားမားနှင့် မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်တို့ သီးခြားတွေ့ဆုံ ဦးမည်ဟု မြန်မာနိုင်ငံမှ အမေရိကန်သံရုံး ပြောရေးဆိုခွင့် ရှိသူ ရစ်ချတ်မေး မှ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here