မြန်မာ ဘလော့ဂ္ဂါများ ပါဝင်ဆင်နွဲသည့် အာရှ ဘလော့ဂ္ဂါပွဲတော် ကျင်းပပြီးစီး

alt

အာရှ နိုင်ငံများမှ ဘလော့ဂ္ဂါများ ပထဆုံးသော အကြိမ် ရင်းနှီးစွာ တွေ့ဆုံ နှီးနှော ဖလှယ်မှု အဖြစ် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက် နေ့အထိ ၃ရက်ကြာ ကျင်းပသည့် အာရှ ဘလော့ဂ္ဂါများ

ပွဲတော်ကို ဟောင်ကောင်ရှိ Henry Leong Community Centerတွင် ကျင်းပပြီးစီး သွားပြီဟု သိရှိရသည်။

“ပြောင်းလဲခြင်းနှင့် တာဝန်ယူမှု” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော အာရှ ဘလော့ဂ္ဂါများ ပွဲတော်တွင် ပါဝင်သည့် ဘလော့ဂ္ဂါများသည် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် လုပ်ဆောင်နေသည့် လှုပ်ရှားမှုများ၊ ဆောင်ရွက်နေမှု များအား ဘလော့်ဂ္ဂါများ အချင်းချင်း ရင်းနှီးစွာ ဆွေးနွေးတိုင်ပင် နှီးနှောဖလှယ် နိုင်ကြကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည် မြန်မာ ဘလော်ဂ္ဂါတဦးက လူထုအသံသို့ ပြန်လည် ဖြေဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲနိုင်မှု အခြေအနေ၊ လက်ရှိ သုံးစွဲနေရသည့် အခက်အခဲများ စသည်တို့ကို အထူးအလေးထား တင်ပြ ဆွေးနွေးခဲ့ပြီး၊ အခြားသော အခက်အခဲများကို အာရှဘလော့ဂ္ဂါ ပွဲတော်တွင် တင်ပြ ဆွေးနွေးကြကြောင်း သတင်းရရှိပြီး၊ ထိုပွဲတော်သို့ မြန်မာနိုင်ငံမှ လူငယ် ဘလောဂ္ဂါများ ဖြစ်သော ကိုကျော်ဇေယျ နှင့် ကိုသက်ထူးတို့ တက်ရောက် ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here