ခွေးများ၏ ပါးစပ်မှာ လူ့ပါးစပ်ထက် ပို၍ သန့်ရှင်းဟုဆို

alt

ရုတ်တရက် လက်ခံရန် ခက်ခဲ သော်လည်း အများအားဖြင့် မှန်ကန် သော ကိစ္စရပ် တခုမှာ ခွေးများ၏ ပါးစပ်သည် လူများ၏ ပါးစပ်ထက် သန့်ရှင်းသည် ဆိုသော အချက်ပင် ဖြစ်ကြောင်း သိရှိရသည်။

လူများသည် အစာစားရန်၊ စကား ပြောရန် အပြင် နမ်းရှုတ်ရန် အတွက်ပါ အသုံးများသော ယင်း ပါးစပ်များသည် ခွေးပါးစပ်ထက် ညစ်ပတ်လေ့ ရှိသည် ဟု လေ့လာမှုများက ဖော်ပြနေသည်။

ဗြိတိန်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသန ရလဒ်များက ခွေးများ၏ ခံတွင်းသည် လူထက်ပိုပြီး ရောဂါပိုး နည်းပါးကြောင်း နှင့် လူ အကိုက် ခံရပါက ခွေးအကိုက် ခံရခြင်းထက် ပိုးဝင်ရန် ရာခိုင်နှုန်း ပိုများကြောင်း ဆေးဘက်ဆိုင်ရာ စာပေအသင်းမှ လေ့လာမှု များအရ သိရှိ လာရသည်။

နောက်ဆုံး တွေ့ရှိချက် များတွင် လူတဦးသည် အခြားတဦး၏ မျက်နှာကို လက်သီးဖြင့် ထိုးရင်း မတော်တဆ သွားကို ထိုးမိ၍ သွေးထွက်သွားလျင် ထိုဒဏ်ရာ မှတဆင့် ရောဂါပိုး ကူးစက်ရန်မှာ ခွေးမှတဆင့် ကူးစက်ရန်ထက် ဖြစ်နိုင်ခြေ ပိုများကြောင်း ဖော်ပြထားသည်။

အမှန်အားဖြင့် လူရောခွေးပါ ခံတွင်းအတွင်း တည်ရှိနေသည့် ဘက်တီးရီးယား ပမာဏမှာ တူညီလု နီးပါးရှိကြောင်း၊ သို့သော်လည်း ဖွဲ့စည်းပုံနှင့် သွားများ တည်ရှိပုံအရ လူ့ပါးစပ်သည် ခွေးပါးစပ်ထက် ပိုညစ်ပတ်ရန် အခွင့်အလမ်း ပိုများကြောင်း ယင်းအဖွဲ့က ပြုစုသော စစ်တမ်းတွင် ထည့်သွင်း ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here