ဓာတ်မတည့်သည့် ပြဿနာကြောင့် မင်္ဂလာဦးညမှာ စိတ်ညစ်ရသည့် ဇနီးမောင်နှံ

alt

အမေရိကန် နိုင်ငံမှ အသစ်စက်စက် ဇနီးမောင်နှံမှာ မင်္ဂလာဦး ညတွင် ဓာတ် မတည့်မှုကြောင့် ပြဿနာ တက်နေ ရကြောင်း သိရှိရသည်။

မိုက်ဘွိုက် နှင့် ဇနီးသည် ဂျူလီယာ ဘွိုက် တို့သည် နှစ်နှစ်ကြာ တွဲခဲ့ပြီး နောက် (၂၀၀၅) ခုနှစ် အတွင်း နှစ်ဦး သဘောတူ လက်ထပ် ခဲ့ကြသည်။ အကြင်လင်မယား ဖြစ်လာသောအခါ ၎င်းတို့ နှစ်ဦးသည် ချစ်သူဘဝက ကွန်ဒုံး အသုံးပြု လိင် ဆက်ဆံခဲ့မှုကို အဆုံးသတ်ကာ အကာအကွယ် မပါဘဲ ဆက်ဆံမှု ပြုလုပ်ရာမှ ဒုက္ခ ရောက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂျူလီယာသည် ခင်ပွန်းသည်နှင့် ပထမဆုံး အကြိမ် ကွန်ဒုံး မပါဘဲ လိင် ဆက်ဆံခဲ့ရာ မခံ မရပ်နိုင်အောင် နာကျင်ခြင်းမျိုး ဖြစ်လာခဲ့ရာ ဆရာဝန်များထံ သွားရောက်ပြသ ပြီးနောက် မိုက် ၏ သုက်သွေး နှင့် ဓာတ်မတည့်ဘဲ Allergic ဖြစ်နေခြင်း ကြောင့်မှန်း ဖော်ထုတ် နိုင်ခဲ့သည်။ ပင်ဆယ်ဗေးနီးယား ရှိ၊ အမ်းဘရစ်တွင် နေထိုင်သော အသက်(၂၇)နှစ် အရွယ် မိုက်နှင့် (၂၆)နှစ် အရွယ် ဂျူလီယာ တို့သည် ကျောင်းသူ ဘဝကတည်းက ချစ်သူများ ဖြစ်ခဲ့ပြီး (၂)နှစ် အကြာတွင် လက်ထပ် ခဲ့ကြသည်။

သူမ တို့၏ မင်္ဂလာဦး ညသည် အိပ်မက်ဆန်ဆန် လှပမည်ဟု မျှော်လင့်ခဲ့သော်လည်း Allergic ကြောင့် အရာရာ မှားယွင်းပျက်စီး သွားခဲ့ရကြောင်း ဂျူလီယာက ပထမဆုံး အကြိမ် ထုတ်ဖော် ၀န်ခံခဲ့သည်။ လက်မထပ်မီက ကိုယ်ဝန်ရှိမည် စိုးသဖြင့် ကွန်ဒုံးကို လုံလုံခြံုခြံု ဖြစ်အောင် အလွန် သတိထား သုံးစွဲခဲ့သဖြင့် ပြဿနာ မကြံုခဲ့ကြောင်း၊ ထို့ကြောင့်လည်း ကွန်ဒုံး မသုံးချိန်ကျမှ ထိုကိစ္စကို သိလာရခြင်း ဖြစ်ကြောင်း ဂျူလီယာက ၀န်ခံခဲ့သည်။

ယခုအခါတွင် ကိုယ်တိုင်က သားသမီး ရလိုသော်လည်း Allergic ဖြစ်မည် စိုးသဖြင့် မိုက်နှင့် အကာအကွယ် မပါဘဲ နှီးနှော လိုသော်လည်း မဖြစ်နိုင်တော့ကြောင်း ဂျူလီယာက ဆိုသည်။ သူမ၏ မအင်္ဂါ အတွင်းပိုင်းမှ မခံ မရပ်နိုင်အောင် နာကျင်မှုသည် လူတဦးက အပ်များစွာနှင့် ထိုးနေသကဲ့သို့ ခံစားရကြောင်းနှင့် နာကျင်စွာ လောင်ကျွမ်းနေသည် ဟုပင် ထင်မိကြောင်း ဂျူလီယာက ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ဆရာဝန် များသည်လည်း ယင်း ကိစ္စအတွက် တိတိကျကျ မဖြေရှင်း ပေးနိုင်သေးရာ သားသမီးအရင်း ရယူလိုသော မိုက်နှင့် ဂျူလီယာ တို့အတွက် ကြေကွဲစရာ ဖြစ်ခဲ့ရသည်။ သူမတို့ ဇနီးမောင်နှံ အတွက် အကြံပေးမှုများ ပြုလုပ်နေသော ဒေါက်တာ အင်ဒရူး ဂိုးစတိန်း က ဂျူလီယာ၏ ခန္ဓာကိုယ်သည် ပြင်ပမှ ၀င်လာသော သုက်ရည်ကို အဆိပ်အတောက် ဖြစ်စေသည့် ပြင်ပ ပရိုတိန်းအဖြစ် ထောက်လှမ်းသွားပြီး အပြင်းအထန် ခုခံရာမှ ယခုလို ကြံုရခြင်း ဖြစ်ကြောင်း၊ ထိုသို့သော ပြဿနာမျိုးမှာ မြေပဲနှင့် ဓာတ်မတည့်မှု၊ ပန်းဝတ်မှုန် နှင့် ဓာတ် မတည့်မှုစသည့် အခြေအနေများ နှင့် အခြေခံအားဖြင့် ဆင်တူကြောင်း ရှင်းပြသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here