သက်ဆင် ရှင်နာ ဝတ္ထရာ အရေး ထိုင်းနှင့် ကမ္ဘောဒီယားတို့ ဆက်ဆံရေး တင်းမာလာခဲ့

alt

သက်ဆင် ရှင်နာ ၀တ္ထရာ အား အစိုးရ အကြံပေး အဖြစ် ခန့်အပ်ခြင်းကို ကန့်ကွက်သည့် အနေနှင့် ထိုင်းနိုင်ငံက ကမော္ဘဒီးယား နှင့် လောင်စာဆီ၊ သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များအားရပ်ဆိုင်း

တော့မည် ဖြစ်ကြောင်း နိုဝင်ဘာ (၆)ရက် နေ့တွင် ကြေညာခဲ့ပြီ ဖြစ်သည်။

ကမော္ဘဒီးယား အစိုးရသည် ထိုင်း နိုင်ငံ၏ အာဏာ အသိမ်းခံရသည့် ၀န်ကြီးချုပ်ဟောင်း သက်ဆင် အား အကြံပေးအဖြစ် နိုဝင်ဘာ (၄)ရက် နေ့တွင် အတည်ပြု ခန့်အပ်ခဲ့ရာ ထိုင်းက အပြင်းအထန် ကန့်ကွက်ခဲ့ပြီး နိုဝင်ဘာ (၅)ရက် နေ့တွင် နှစ်နိုင်ငံ သံမှူးများကို အသီးသီး ပြန်လည် ရုတ်သိမ်းခဲ့ရာ သံတမန် ဆက်သွယ်ရေးပါ ပြတ်တောက် သွားခဲ့ရသည်။

ထိုင်းနိုင်ငံ၏ သံတမန် ရုတ်သိမ်းမှု လုပ်ရပ်အတွက် ကမော္ဘဒီးယားက တသွေမတိမ်း တုန့်ပြန်ခဲ့သလို သက်ဆင်သည် ထိုင်း အစိုးရနှင့် ပြဿနာ ရှိသည့်တိုင် ထိုင်း အစိုးရသည် မိမိတို့၏ ရပ်တည်ချက်ကို လေးစား ပေးသင့်ကြောင်း အရေးဆို သွားခဲ့သည်။ အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ တစထက် တစ ဆိုးရွား လာနေသော်လည်း ထိုင်း ရွေးကောက်ပွဲတွင် (၂)ကြိမ် အနိုင်ရဖူးပြီး (၂၀၀၆) ခုနှစ်တွင် အာဏာသိမ်း ခံရသည့် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ကိုယ်တိုင်ကမူ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ဘန်ကောက် အခြေစိုက် ထိုင်း အစိုးရကမူ မိမိတို့သည် သက်ဆင်အား ကမော္ဘဒီးယား အစိုးရက နေရာပေးမှု အတွက် နည်းလမ်း မျိုးစုံဖြင့် ကန့်ကွက်သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောဆို ထားလိုက်သည်။ သက်ဆင်သည် ထိုင်းအစိုးရ တာဝန်ကို ယူထားစဉ် ကတည်းက ကမော္ဘဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် နှင့် ရင်းနှီးသူ တဦးဖြစ်သည်။

လက်ရှိ အနေအထား အရ ထိုင်းနှင့် ကမော္ဘဒီးယား တို့သည် ယမန်နှစ်က ဖြစ်ပွားခဲ့သော နှစ်နိုင်ငံ နယ်စပ်ရှိ ရှေးယဉ်ကျေးမှု အမွေအနှစ် ဘုရားကျောင်း တခုကို အပြိုင်လုခဲ့ရာမှ ဆက်ဆံရေး တင်းမာမှုများ ရှိနေခဲ့ပြီး ဖြစ်သည်။ ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ကာဆစ်ပီရိုမာ က မိမိတို့သည် (၂၀၀၁)ခုနှစ် ကတည်းက ကမော္ဘဒီးယား နှင့် သဘောတူညီချက် ရထားသည့် ထိုင်း ပင်လယ်ကွေ့ အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပူးပေါင်းရှာဖွေရေး စီမံကိန်းကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here