အဖော်အချွတ် အခန်းများကြောင့် နာမည် ပိုကြီးလာမည်ဟု ဆန်ဒရာဘူးလော့ ပြောကြား

alt

Speed ရုပ်ရှင် ဇါတ်ကားနှင့် ကမာ္ဘ့ ပရိသတ် အများအပြား ရရှိခဲ့သူ ဆန်ဒရာ ဘူးလော့ က သူမ၏ နောက်ဆုံး ဇာတ်ကားတွင် ပါ၀င်သည့် အဖော်အချွတ် ခန်းများက သူမအတွက် နာမည်ပိုကြီး လာစေသည်ဟု

ယုံကြည်မိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

ဘူးလော့ သည် ယခု ကမာ္ဘတဝှမ်း ရုံတင်လိုက်သော Proposal ဇာတ်ကားတွင် မင်းသား ရိုင်ယန်ရေးနိုး နှင့် တွဲဖက် သရုပ်ဆောင်ထားပြီး ထိုဇာတ်ကားသည် လူကြိုက် အများဆုံး စာရင်းဝင် ဇာတ်ကားတခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဘူးလော့က သူမ၏ ထို ဇာတ်ကားတွင် ရရှိခဲ့သော အောင်မြင်မှုမှာ အနုပညာထက် ခန္ဓာကိုယ် အလှအပ ကြောင့်သာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ၀န်ခံသွားခဲ့သည်။

အသက် (၄၅)နှစ်ရှိ မင်းသမီးက ကိုယ်တိုင်လည်း ထို ဇာတ်ကားအတွင်း အဝတ်အစားများ ချွတ်ပြရသည်ကို ကျေနပ်မိကြောင်း ပြောကြားလိုက်ပြီး Proposal သည် အမေရိကန်၏ ၀င်ငွေ အကောင်းဆုံး ရုပ်ရှင် စာရင်းတွင် ယခုအခါ ထိပ်တန်းမှ ရပ်တည်နေခဲ့ပြီး အောင်မြင်မှု များလည်း ရရှိခဲ့သည်။

ယင်း အချစ်ဇာတ်မြူးကား အောင်မြင်မှု ရရှိခြင်းနှင့် စပ်လျဉ်းပြီး ဘူးလော့က ဇာတ်ရုပ်အလိုက် အသင့်တော်ဆုံး သရုပ်ဆောင် များကို ရွေးချယ်နိုင်ခြင်း နှင့် ဇာတ်အိမ် ဖွဲ့စည်းပုံ ထူးခြားခြင်း တို့ကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ သူမ နှင့် အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသား ရေးနိုး ကလည်း ဘူးလော့၏ ခန္ဓာကိုယ် ကောက်ကြောင်း အလှသည် ရင်ခုန် ရှုမောဖွယ် ကောင်းလှကြောင်း ထုတ်ဖော် ချီးကျူးခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here