မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးမှုများ အပေါ် သတိထားရန် အမေရိကန် သံတမန်ပြောကြား

alt

မြန်မာနိုင်ငံသို့ ရှားရှားပါးပါး လာရောက် ခဲ့သော အမေရိကန် သံတမန် အဖွဲ့က မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးမှု အသစ် များ ပြုလုပ်ရာတွင် အလျင်စလို မပြု ရန်နှင့် သတိကြီးစွာ ထားရန်

လိုအပ်ကြောင်း မှတ်ချက်ပြု ပြောဆို လိုက်သည်။

သို့သော်လည်း ၎င်းတို့ အနေနှင့် မြန်မာ နိုင်ငံတွင် ကျင်းပမည့် (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲကို ပိုမို ပွင့်လင်းသော ချဉ်းကပ်မှုမျိုး ပြုလုပ် စေလိုကြောင်း ကတ်ကင်းဘဲလ် က ပြောကြားခဲ့သည်။ ကင်းဘဲလ်သည် အမေရိကန် အစိုးရ၏ အရှေ့ အာရှဒေသ နိုင်ငံခြားရေး အရာရှိ တာဝန်ကို ရယူထားပြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် အရာရှိများ အနက် (၁၉၉၅)ခုနှစ် နောက်ပိုင်း ရာထူး အမြင့်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

ကင်းဘဲလ် သည် မြန်မာနိုင်ငံတွင် နှစ်ရက်ကြာ ရောက်ရှိခဲ့စဉ် မြန်မာ စစ်အစိုးရ အနေနှင့် ရွေးကောက်ပွဲကို ဒီမိုကရေစီ ကျကျ မပြုလုပ်ပါက အမေရိကန် အနေနှင့် စီးပွားရေး ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးမည် မဟုတ်ကြောင်း သတိပေး သွားခဲ့သည်။ မြန်မာ စစ်အစိုးရသည် (၂၀၁၀) ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာ ထားသော်လည်း နိုင်ငံအတွင်း နောက်ဆုံး ပြုလုပ်ခဲ့သည့် (၁၉၉၀)ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရသူ ဒေါ်အောင်ဆန်းစုကြည် အား ချုပ်နှောင် ဖမ်းဆီးကာ လာမည့် ရွေးကောက်ပွဲ တွင်လည်း ပါ၀င် ယှဉ်ပြိုင်ရန် ခွင့်မပြုခဲ့ချေ။

နိုဝင်ဘာ (၅)ရက် နေ့က မြန်မာနိုင်ငံမှ ထွက်ခွာကာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ ရောက်ရှိနေသည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ပါ၀င်လာမှသာ လွတ်လပ်မှုနှင့် တရားမျှတမှု ရှိနေသော အခြေအနေဟု ယူဆကြောင်း ပြောကြား သွားသည်။

ကင်းဘဲလ် က အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အပေါ် အာရုံစိုက် လေ့လာနေကြောင်း၊ လက်ရှိ စီမံထားသော အနေအထား အရ ရွေးကောက်ပွဲတွင် အဓိက လိုအပ်သော အချက်အလက်များ ပျောက်ဆုံးနေသည်ဟု ခံစားရသော်လည်း မြန်မာ စစ်အစိုးရသည် မျှတသော ရွေးကောက်ပွဲ တခု ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း ဘန်ကောက်ရှိ နိုင်ငံတကာ သတင်းထောက် များအား ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here