ပေါ်ပီပန်းများ ရင်ဘတ်တွင် အမှတ်တရ တပ်ဆင်ရန် ပရီးမီယား ဘောလုံးနှစ်သင်း ငြင်းပယ်

alt

ဗြိတိန် နိုင်ငံ၏ ကျဆုံးသွားသော သူရဲကောင်း များအတွက် ရည်စူးပြီး ပေါ်ပီ ပန်းလေးများ ရင်ဘတ်တွင် အမှတ်တရ ထားရှိမှုကို အင်္ဂလန် ပရီးမီးယား လိဂ် ထိပ်တန်း အသင်းကြီး 

နှစ်ခုက ငြင်းဆန်ခဲ့ကြောင်း သိရှိ ရသည်။

ယခု ရက်ပိုင်းအတွင်း ကစားရသည့် ပွဲစဉ်များတွင် ပရီးမီးယား လိဂ် ကလပ် များသည် အင်္ကျီ ရင်ဘတ်တွင် ပေါ်ပီ ပန်းလေးများ စိုက်ထိုး ထားသော်လည်း မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူး အသင်းများက ယင်း အစဉ်အလာကို ကျင့်သုံးခဲ့ခြင်း မရှိပေ။

ပရီးမီးယား လိဂ် ကလပ်အသင်း (၂၀)အနက် အာဆင်နယ်၊ ဘာမင်ဂမ် စီးတီး၊ ဘန်လေ၊ ချဲလ်ဆီး၊ အဲဗာတန်၊ ဟူးစီးတီး၊ မန်ချက်စတာ စီးတီး၊ ဆန်းဒါးလန်း၊ တော့တင်ဟမ် ဟော့စပါး၊ ၀က်စ်ဟမ်း ယူနိုက်တက်၊ ၀ီဂန် နှင့် ၀ုဗ်အသင်း များက ပြီးခဲ့သည့် သီတင်းပါတ်ကုန် ပွဲစဉ်များတွင် ပေါ်ပီပန်းများ အင်္ကျီတွင် တပ်ဆင် ကစားသွားခဲ့ပြီး ဖူဟမ်၊ အက်စတွန်ဗီလာ နှင့် ပို့မောက်စ်၊ စတုတ်စီးတီးနှင့် ဘလက်ဘန်းရိုဗာ အသင်းများ ကလည်း အခြား အသင်းများ၏ လုပ်ရပ်အတိုင်း ပေါ်ပီပန်းများ ဆင်မြန်းရန် ဖိအားပေး ခံခဲ့ရသဖြင့် လိုက်လံတပ်ဆင် ခဲ့ရသည်။

ပရီးမီးယား လိဂ် ဘောလုံးအသင်းများ အနေနှင့် ယခု လုပ်ရပ်ဖြင့် ဗြိတိန်၏ ဒဏ်ရာရသူ နှင့် သေဆုံးသူ စစ်မှုထမ်း များအား အောက်မေ့ ဂုဏ်ပြုခဲ့သော်လည်း ယူနိုက်တက်ရော၊ လီဗာပူးပါ ထိုအသင်းများ ထဲတွင် မပါ၀င် ခဲ့ချေ။ ၎င်းတို့ နှစ်သင်းနှင့်အတူ ဘော်လ်တန် အသင်းလည်း အသင်းအင်္ကျီတွင် ပေါ်ပီပန်းများ တပ်ဆင်ရန် တောင်းဆိုမှုကို ငြင်းဆန် ခဲ့သေးသော်လည်း နောက်ဆုံးတွင်မူ အသင်းအင်္ကျီတွင် ပေါ်ပီပန်း တပ်ကာ ကစားခဲ့သည်။

အင်္ဂလန် လက်ရွေးစင် အသင်းသည်လည်း လာမည့် သီတင်းပါတ် အတွင်း ဘရာဇီးနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲအတွက် ဒိုဟာ ဟိုတယ်တွင် ပေါ်ပီပန်းများနှင့် အထိမ်းအမှတ် ပွဲတခုအတွက် ပြင်ဆင်ထားစေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here