မဟာ မဲခေါင်ဒေသမှ ခေါင်းဆောင်များနှင့် ဂျပန် ဆွေးနွေးမည်

alt

ဂျပန် နိုင်ငံသည် မဲခေါင်ဒေသ (၅) နိုင်ငံမှ ခေါင်းဆောင်များကို ဖိတ်ခေါ် ကာ အစည်းအဝေး တခု ပြုလုပ် သွားမည် ဖြစ်သည်ဟု ၀န်ကြီးချုပ်သစ် ယူကီအို ဟာတိုယာမာ ကဆိုသည်။

အရှေ့တောင် အာရှရှိ မဲခေါင်မြစ်ဝှမ်း ဒေသ နိုင်ငံ(၅)ခု ဖြစ်သည့် ကမော္ဘဒီးယား ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ တာဝန် ရှိသူ များနှင့် နှစ်ရက်ကြာ အစည်း အဝေး ပြုလုပ်သွားရန် စီစဉ်ထားကြောင်း အတည်ပြု ခဲ့သည်။

စက်တင်ဘာလ ကတည်းက ၀န်ကြီးချုပ် ရာထူးကို တရားဝင် ရယူခဲ့သည့် ဟာတိုယာမာ သည် ဥရောပ ယူနီယံ၏ လုပ်ဆောင်ချက် များကို ဥပမာ ယူကာ အာရှ ဒေသနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့် လာခြင်းဖြစ်သည်။ ယခု တွေ့ဆုံမှုအတွင်း မဲခေါင်ဒေသ နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အကြံပြု ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး အရှေ့တောင် အာရှ နိုင်ငံတခုဖြစ်သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီးလည်း သီးသန့် ဆွေးနွေးမှုများ ပြုလုပ်သွားရန် ဂျပန်ဝန်ကြီးချုပ်က ရည်ရွယ်ထားသည်။

ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မဲခေါင်ဒေသ နိုင်ငံများနှင့် ဂျပန်နိုင်ငံကြား ဖွံ့ဖြိုးမှု ကွာခြားချက်ကို လျှော့ချသွားစေရန် အစိုးရက မျှော်လင့်ထားကြောင်း ကြေညာသည်။ ထို့အပြင် မဟာ မဲခေါင်ဒေသ စီးပွားရေး ဖွံ့ဖြိုးမှုသည် အရှေ့အာရှ လူမှု အဖွဲ့အစည်းကို ထူထောင်ရာတွင် အလွန် အရေးပါကြောင်းလည်း ဂျပန်က သုံးသပ်ထားသည်။

ဟာတိုယာမာ က ဂျပန်သည် အရှေ့အာရှ ဒေသတွင် တရုတ်ကိုကျော်ကာ ဩဇာအာဏာ ထူထောင်ရန် ကြိုးပမ်းနေသည် ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး ဂျပန်၏ မူဝါဒသည် ယင်း ဒေသနိုင်ငံများ ဖွံ့ဖြိုးမှုကို ကူညီဆောင်ရွက်ပြီး အပြန်အလှန် ကုန်သွယ်မှု တိုးမြှင့်ရန်သာ ဖြစ်ကြောင်း ကာကွယ် ပြောဆိုထားလိုက်ပြီး လေ့လာသူ များကမူ အတိုက်အခံမှ ၀န်ကြီးချုပ် ဖြစ်လာသူ ဟာတိုယာမာ သည် အရှေ့ အာရှဒေသတွင် တရုတ်ဩဇာ လွှမ်းမိုးလာမှုကို တွန်းလှန်ရန် ဆန္ဒပြင်းပြ နေကြောင်း သုံးသပ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here