မလေးရှား ဓားပြများအား မြန်မာလူမျိုးတို့ အသေအကျေ ဝိုင်းဝန်းတိုက်ခိုက်

alt

နိုဝင်ဘာလ (၃)ရက် နေ့က မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု အတွက် ရဲများက မြန်မာ(၇)ဦး ကို ဖမ်းဆီး ထိမ်းသိမ်း ထားလိုက်ကြောင်း သိရှိ ရသည်။

ဆီလာယန်း ဈေးအနီးတွင် ဓါးပြ တိုက်ရန် လာသော သူများကို  မြန်မာလူမျိုး (၅၀) ခန့်က ၀ိုင်းဝန်း ခုခံ တိုက်ခိုက်ခဲ့သဖြင့် မလေးဓါးပြ (၂)ဦး သေဆုံး ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားမှုတွင် ပါဝင် တိုက်ခိုက်၍ မသင်္ကာသူ များအား ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆန်တူ ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ဆက်ဇန်နူဒင် အာမက် က အဖမ်းခံရသူ များသည် အသက်(၂၀) မှ (၃၀) အတွင်းဖြစ်ပြီး ဈေးအနီး ပတ်ဝန်းကျင်တွင် နေထိုင်ကြကာ နိုဝင်ဘာ (၄)ရက် နေ့က ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဟု အတည်ပြု ပြောဆိုသွားခဲ့သည်။

ဖမ်းဆီး ထားသူများအား နောက်ထပ် တရားခံများကို ဖော်ထုတ်ရာတွင် အထောက်အကူ ဖြစ်စေရန် ရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျှက် ရှိသည်။ ထိုနေ့က ဖြစ်စဉ်အတွင်း ဒေသ စံတော်ချိန် ည (၇း၄၅)နာရီ ခန့်တွင် ဓားပြ (၁၀)ဦးသည် ကုန်သည် တယောက်အား လုယက်ရန် ကြိုးစားရာမှ မြန်မာအမျိုးသား အယောက်(၅၀) တို့က တုတ်များ၊ ဓားများဖြင့် ဝင်ရောက်ခုခံ တိုက်ခိုက်ကြရာ (၂)ဦး သေဆုံးပြီး ကျန်ဓားပြများ မှာမူ လွတ်မြောက် သွားခဲ့ကြသည်။

ရဲတပ်ဖွဲ့က ဖြစ်စဉ် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး မကြာမီတွင် တရားခံများကို ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here