စိတ်ဖိစီးမှု ဝေဒနာရှင်များ အတွက် အကျိုးပြု ဝဘ်ဆိုဒ် ဗြိတိန် လွှင့်တင်ထား

alt

ဗြိတိန်နိုင်ငံ၏ အမျိုးသား စိတ်ဖိစီးမှု နှိုးဆော် သတိပေးရေးနေ့ အဖြစ် ကျရောက်သော နိုဝင်ဘာ (၄)ရက် နေ့တွင် နိုင်ငံအတွင်း စိတ်ဖိစီးမှု ဝေဒနာ ခံစားနေရ သူများအတွက် ရည်စူးပြီး ပညာပေး ၀ဘ်ဆိုဒ်တခု

လွှင့်တင် ခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်တွင် စိတ်ဖိစီးမှု ခံစားရသူ အရေအတွက် တစထက် တစ တိုးပွား လာခြင်းကို သတိပြုမိပြီး ယခု ၀ဘ်ဆိုဒ်ကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။

Time to Change ဟု အမည် ပေးထားသည့် ယင်း ၀ဘ်ဆိုဒ်ကို ထူထောင်သော အဖွဲ့က ၀ဘ်ဆိုဒ်သည် စိတ်ဖိစီးမှုနှင့် ဆိုင်သော ပြဿနာများကို အကြံပြု ဆွေးနွေး လာသမျှအား လက်ခံသွားမည် ဖြစ်ကြောင်းနှင့် အပြန်အလှန် ဆွေးနွေးမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အဖွဲ့၏ ဒါရိုက်တာ ဖြစ်သူ ဆူးဘေကားလ် က ပြောကြား သွားခဲ့သည်။

များသောအားဖြင့် စိတ်ဖိစီးမှု ဝေဒနာ ခံစားနေရသည့် လူနာ အတော် များများသည် မိမိ၏ အခြေအနေကို အတိအကျ သိရှိလေ့ မရှိကြောင်း သူမက ရှင်းပြခဲ့ပြီး ၀ဘ်ဆိုဒ်က ထိုသို့သော အနေအထားတွင် အကောင်းဆုံး လမ်းညွှန်မှု ပေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုလိုက်သည်။

၀ဘ်ဆိုဒ် အတွက် အလုပ်လုပ်ပေးမည့် ၀န်ထမ်းများကို သီးသန့် ရံပုံငွေတခုမှ လစာပေးသွားမည် ဖြစ်ပြီး စိတ်ဖိစီးမှု ဟန့်တားရေး လုပ်ဆောင်ချက် များကို ဖိဖိစီးစီး ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ယခု လွှင့်တင်သော ၀ဘ်ဆိုဒ်အား http://www.time-to-change.org.uk/ မှတဆင့် ၀င်ရောက် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here