Microsoft ကော်ပိုရေးရှင်းမှ အလုပ်အကိုင် နေရာများ လျော့ချနေဆဲ

alt

Microsoft ကော်ပိုရေးရှင်း က အလုပ် အကိုင် နေရာ (၈၀၀) ကျော်ကို ဖြတ်တောက် လျှော့ချ လိုက်ကြောင်း အတည်ပြု ကြေညာလိုက်သည်။

ကော်ပိုရေးရှင်း၏ ထုတ်ကုန်များ အတွက် ၀ယ်လိုအား ကျဆင်း လာခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ် လိုက်ရခြင်း ဖြစ်ကြောင်း Microsoft က ကြေညာလိုက်သည်။ ယခုကဲ့သို့ ကမာ္ဘ အရပ်ရပ်မှ ၀န်ထမ်း (၈၀၀) ကို အလုပ်ထုတ် လိုက်ခြင်းသည် Microsoft ၏ ၀န်ထမ်း (၅၀၀၀) အထိ လျှော့ချရေး စီမံကိန်းကို ဆက်လက် ဖော်ဆောင် နေခြင်းလည်း ဖြစ်လာရသည်။

လွန်ခဲ့သည့် (၁၁) လမှ စကာ ဈေးကွက် ယိုယွင်းမှု များကြောင့် ၀န်ထမ်းများ လျှော့ချ ခဲ့ရကြောင်း၊ ယခု အခါတွင် ဒေသ အသီးသီးရှိ Microsoft ၏ ၀န်ထမ်း (၈၀၀) ကို ထပ်မံ လျှော့ချမည် ဖြစ်ကြောင်း ကော်ပိုရေးရှင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Microsoft ၏ CEO ဖြစ်သူ စတိဘယ်မာ သည် ယခုနှစ် အစောပိုင်း ကတည်းက ၀န်ထမ်း အရေအတွက် (၅၀၀၀) အထိ လျှော့ချမည်ဟု အတည်ပြု ပြောဆို ထားခဲ့ဖူးသည်။ နိုဝင်ဘာ (၄)ရက် နေ့က ထပ်မံ ထုတ်ပြန်သော ဆုံးဖြတ်ချက်အရ ဗြိတိန်ရှိ Microsoft ၀န်ထမ်း (၂၇၀၀) မှ (၂) ရာခိုင်နှုန်းမှာ မလွဲမသွေ အလုပ်ပြုတ် ရတော့မည် ဖြစ်သည်။

Microsoft က ထုတ်ပြန်သော ကြေညာချက်တွင် အလုပ်ပြုတ်သွားသော ၀န်ထမ်းများ နောက်ထပ် အလုပ်တခု မရသေးခင် စပ်ကြား ကာလအတွင်း ခက်ခဲသော အခြေအနေအတွက် တတ်နိုင်သလောက် ထောက်ပံ့ ကူညီသွားရန် အတတ်နိုင်ဆုံး စီစဉ် ပေးမည်ဟုလည်း ကျေညာချက်တွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here