အီတလီ လက်ရွေးစင် ဂိုးသမားအား ခေါ်ယူရန် မန်ယူ နှင့် ဘေယန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေ

alt

အီတလီ လက်ရွေးစင် ဂိုးသမား ဂီယန်လူဂီ ဘတ်ဖွန် အား မန်ချက် စတာ ယူနိုက်တက် နှင့် ဘေယန် မြူးနစ်တို့ အပြိုင်အဆိုင် လိုက်နေ ကြကြောင်း သိရှိရသည်။

ဂျူဗင်းတပ် အသင်းမှ အသက်(၃၀) အရွယ် ဂိုးသမားသည် ကမာ္ဘ့ အကောင်းဆုံး ဂိုးသမား အဖြစ် သတ်မှတ် ခံထားရသူလည်း ဖြစ်ပြီး အီတလီအသင်း ကမာ္ဘ့ဖလားကို ဆွတ်ခူး ရာတွင် အထူး လက်စွမ်းပြ ထားခဲ့သူ ဖြစ်သည်။

ဘေယန်သည် ပြင်သစ်ကလပ် ဘောဒိုးအား အရေးနိမ့် ခဲ့သော ပွဲစဉ်တွင် ဂိုးသမား နေရာ၌ ပြဿနာ များ ရှိနေခဲ့ပြီး ယူနိုက်တက် သည် လည်း အသင်း၏ ဟော်လန် ဂိုးသမား ကြီး အက်ဒွင်ဗန်ဒါဆား အနားယူ သွားချိန်တွင် ဘတ်ဖွန်အား အစားထိုးရန် စီစဉ်နေခဲ့ခြင်း ဖြစ်သည်။

ဘေယန် ဂိုးသမား ဟန်ဂျွန်ဘတ်သည် ယခု ရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ် ရှိနေပြီး ၎င်း၏နေရာတွင် ထိပ်တန်း ဂိုးသမားတဦး အစားထိုးမည်ဟု နည်းပြ အူလီဟိုးနက် က ပြောကြားထားလိုက်ပြီ ဖြစ်သည်။

ယူနိုက်တက် သည်လည်း ဗန်ဒါဆား အနားယူ သွားချိန်တွင် အင်္ဂလန်ဂိုးသမား ဘန်ဖော်စတာကို အစားထိုးရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေ သဖြင့် ဘတ်ဖွန်ကို စိတ်ဝင်စား လာရခြင်းဖြစ်ပြီး ဖီအိုရင်တီးနား မှ ပြင်သစ်လက်ရွေးစင် ဂိုးသမား ဆီဘက်စတီယန် ဖရေး ကိုပါ မျက်စိ ကျနေကြောင်း သိရှိရသည်။

အင်္ဂလန်မှ လာသော သတင်းများအရ ဂျူဗင်းတပ်သည် ဘေယန်မြူးနစ်မှ ဖရန့်ရစ်ဘာရီကို စိတ်ဝင်စားနေပြီး ကစားသမားချင်း အပြန်အလှန် လဲလှယ် လိုသော်လည်း ရစ်ဘာရီ ကိုယ်တိုင်ကမူ ရီးရဲလ်မက်ဒရစ် နှင့် ဘာစီလိုနာ အသင်းများ ထံသို့သာ ပြောင်းရွှေ့ရန် ဆန္ဒပြင်းပြ နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here