လေဒီဂါဂါ ခရီးဆောင် တတ်သည့် အကြိုက်ဆုံး ပစ္စည်း ဖွင်ဟပြောဆို

alt

အဆိုတော် လေဒီဂါဂါ က သူမ သွား လေရာ ယူဆောင် သွားသည့် အကြိုက် ဆုံး ပစ္စည်းမှာ ကွန်ဒုံးသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

အနေအထိုင်၊ အပြောအဆို၊ ၀တ်စား ဆင်ယင်မှု အလွန် ထူးခြားသော အဆိုတော် က လူတိုင်းသည်လည်း မမေ့မလျော့၊ မပေါ့မဆ ဆောင်သွား သင့်သည့် ပစ္စည်းမှာ ကွန်ဒုံးပင် ဖြစ်သင့်ကြောင်း မှတ်ချက်ပြု ခဲ့သည်။

ဒီဇိုင်းပညာရှင် မက်ဂျက်ကော့ ထံမှ ဂုဏ်ပြုဆု တခုကို လက်ခံ ရယူပြီးနောက် ဂါဂါက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သူမသည် မကြာသေးမီက သီချင်း စာသားများ ဖန်တီးရာတွင် စိတ်လွတ် ကိုယ်လွတ် ပေါက်ကွဲခြင်းသည် ကွန်ဒုံး မပါဘဲ လိင် ဆက်ဆံခြင်းကဲ့သို့ အနှောင်အတွယ် မဲ့သွားစေကြောင်း မှတ်ချက်ပြုခဲ့ သေးသည်။

ကိုယ်တိုင်လည်း သီချင်းရေးသည့် အသက်(၂၃)နှစ် အရွယ် အဆိုတော်မလေးက သီချင်းတပုဒ် ရေးရခြင်းသည် ယောက်ျားလေး ခပ်များများနှင့် တပြိုင်တည်း Date လုပ်ရသည်နှင့် တူကြောင်း၊ ထိုသူများအား တယောက်ချင်းစီ စားသောက်ဆိုင် များသို့ ခေါ်သွားကာ အကောင်းဆုံး တယောက်ကို ရွေးပြီး တွဲရသကဲ့သို့ သီချင်း ရေးရာတွင်လည်း စကားလုံး များစွာကို စဉ်းစားပြီး အကောင်းဆုံးကို ရွေးရကြောင်း သူမ၏ ခံယူချက်ကို ရှင်းပြခဲ့သည်။

ဂါဂါက သီချင်း ရေးဖွဲ့ရာတွင် စိတ်ကိုလွှတ်ပေး လိုက်သင့်ကြောင်း၊ ထိုသို့ပြုခြင်းသည် ကွန်ဒုံး မပါဘဲ လိင် ဆက်ဆံရခြင်း ကဲ့သို့ပင် ဖြစ်ပြီး စိတ်ထဲ ရှိသမျှကို အထိန်းအကွပ် မရှိ သွန်ချ လိုက်ရခြင်းနှင့် တူကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here