အီရန်နိုင်ငံ မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြန်

alt

တဟီရန် မြို့တော်ရှိ အမေရိကန်သံရုံး ပြန်ပေးဆွဲခံရမှု နှစ်(၃၀) ပြည့်မြောက် သော အထိမ်းအမှတ် နေ့တွင် အီရန် အစိုးရ ဆန့်ကျင်ရေး အင်အားစု များနှင့် လုံခြံုရေး တပ်ဖွဲ့များကြား အချင်းများ

ပြဿနာ တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ (၄)ရက်နေ့ ဆန္ဒပြမှုများ အတွင်း အတိုက်အခံ ခေါင်းဆောင် မာဟိုစိန် မူဆာဗီ အား ထောက်ခံသည့် ဆန္ဒပြသူ ထောင်ဂဏန်း မျှသည် လမ်းများကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ရာ အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့များ၊ အဓိကရုဏ်း ရဲများနှင့် ပြဿနာ တက်ခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော (၂)လခန့်က အီရန် ရွေးကောက်ပွဲ ရလဒ်များ အပေါ် မကြေမနပ်ဖြစ်ခဲ့ရသော အီရန်ပြည်သူများ၏ ဆန္ဒပြခဲ့မှုများ ဖြစ်ပေါ်ခဲ့ပြီး ပထမဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြကြသည့် အတိုက်အခံ အင်အားစု များကို ရဲများက မျက်ရည်ယို ဗုံးသုံးပြီး ဖြိုခွဲခဲ့သည် ဟုလည်း အတည် မပြုနိုင်သော သတင်း ရပ်ကွက်များက ဖော်ပြခဲ့ကြသည်။

အချို့ ကလည်း ပစ်ခတ်မှုအချို့ ဖြစ်ပွားသည် ဟုပင်ဆိုသည်။ တစ်ချိန်တည်း လိုလိုတွင်ပင် လက်ရှိသမ္မတ မိုဟာမက် အာမက် ဒီနီဂျက် ကို ထောက်ခံသော ဆန္ဒပြသူ များကလည်း အမေရိကန် အလံတခုကို မီးရှို့ကာ (၁၉၇၉)ခုနှစ် အမေရိကန် သံရုံး အပိုင်စီးမှုကို ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် အမေရိကန် ကျဆုံးပါစေ ဟူသော ကြွေးကြော်မှုများကို ပြိုင်တူ ပြုလုပ်ခဲ့ကြသည်။

၀ါရှင်တန်ရှိ အမေရိကန် သမ္မတ ဘာရက် အိုဘားမား ကမူ ယခု နှစ်ပါတ်လည် နေ့ရက်တွင် အီရန်နှင့် အမေရိကန်ကြား မကျေလည်မှု များကို စာမျက်နှာဟောင်းတွင် ထားပစ်ခဲ့ လိုကြောင်းနှင့် ဖြစ်ပေါ်နေသော အုံကြွမှုများအား အလျင်အမြန် ချုပ်ငြိမ်း သွားစေလိုကြောင်း ဆန္ဒရှိနေသည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ရောဘတ်ဂစ်က ကြေညာသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here