အမေရိကန် သန်းကြွယ်သူဌေး အာဆင်နယ် အသင်း၏ ရှယ်ယာ အများအပြား ဝယ်ယူလိုက်

alt

အမေရိကန် သန်းကြွယ် သူဌေးကြီး စတန်ခရွန်ကီ သည် အာဆင်နယ် အသင်း ရှယ်ယာများ၏ (၂၉.၆) ရာခိုင်နှုန်းကို ၀ယ်ယူ လိုက်ခြင်းဖြင့် လန်ဒန် အခြေစိုက် ကလပ် အသင်းအား တဦးတည်း ထိန်းချုပ်

နိုင်ရေး အတွက် ပိုမို နီးစပ်သော ခြေလှမ်းကို စတင် လိုက်သည်။

၎င်းသည် ပေါင်(၃.၆) သန်းဖြင့် အာဆင်နယ် ရှယ်ယာပေါင်း (၄၂၇) ခုကို မူလ ပိုင်ရှင်များထံမှ လက်လွှဲ ရယူလိုက်ပြီ ဖြစ်သည်။ ခရွန်ကီဖြစ်စေ၊ ဒုတိယ အများဆုံး ရှယ်ယာရှင် အလီ ရှာအက် စမာနော့ ဖြစ်စေ ရှယ်ယာ ပမာဏ (၂၉.၉) ရာခိုင်နှုန်း အထိ ရောက်ရှိအောင် ၀ယ်ယူ လိုက်နိုင်လျှင် တသင်းလုံးအား ပိုင်ဆိုင်ခွင့် ရရေး အတွက် တရားဝင် အဆိုပြုခွင့် ရလာတော့မည် ဖြစ်သည်။

အာဆင်နယ် သည် ပရီးမီးယားလိဂ် ထိပ်တန်း အသင်းများအနက် အများပိုင် အဖြစ် ဆက်လက် ရပ်တည်နေသည့် တခုတည်းသော အသင်း ဖြစ်သော်လည်း ခရွန်ကီ ရော၊ အက်စမာနော့ ပါ အသင်းအား သိမ်းသွင်းရန် ခြေလှမ်းပြင် နေကြသည်။

အာဆင်နယ် ၏ ရှယ်ယာများကို တိုးမြှင့်ဝယ်ယူ လိုက်သော်လည်း ခရွန်ကီမှာ အသင်းကို အပြီးဝယ်ရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုအား ပြန်မဖြေဘဲ နှုတ်ဆိတ် နေခဲ့ကြောင်း သိရှိရသည်။ အာဆင်နယ် ဥက္ကဌ ပီတာဟေးဝုဒ် က အခြေအနေ အားလုံးကို အတိအကျ မခန့်မှန်း နိုင်သေးကြောင်း ၀န်ခံခဲ့ပြီး ခရွန်ကီ ကိုယ်တိုင်က အာဆင်နယ်အား ၀ယ်ယူရန် ဆန္ဒရှိ၊ မရှိ အသေအချာ မပြောနိုင်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ခရွန်ကီသည် အမေရိကန် ဘက်စကက်ဘော အသင်း ဒန်ဗာနူးဂက် နှင့် အမေရိကန် ဘောလုံးအသင်း ကော်လိုရာဒို ရက်ပစ် တို့အားလည်း ပိုင်ဆိုင်ထားသည်၊ ခရွန်ကီသည် ယခုနှစ် အတွင်း မတူညီသော ရှယ်ယာ ပိုင်ရှင်များထံမှ အာဆင်နယ် ရှယ်ယာများကို ၀ယ်ယူ သိမ်းပိုက်လာခဲ့သည်။

ခရွန်ကီ ကဲ့သို့ပင် အက်စမာနော့ ကလည်း အာဆင်နယ်၏ ရှယ်ယာများကို ၀ယ်ယူခဲ့ရာ ၎င်းပိုင်ဆိုင်သော ပမာဏသည် ယခုအခါ (၂၅) ရာခိုင်နှုန်း ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here