အိနိ္ဒယတွင် ကျင်းပမည့် ကားပြပွဲ မြန်မာ ကားလုပ်ငန်းရှင်များ ဝင်ရောက် ပြသမည်

alt

လာမည့် နှစ်အတွင်း အိနိ္ဒယတွင် ကျင်းပပြုလုပ်မည့် ကားပြပွဲတွင် မြန်မာ နိုင်ငံမှ ကား လုပ်ငန်းရှင် များလည်း ပါ၀င် ပြသသွားမည် ဖြစ်သည်ဟု သိရှိရသည်။

နယူးဒေလီ တွင် ဇန်နဝါရီ လအတွင်း ကျင်းပမည့် ပြပွဲအတွင်း ပါ၀င် ပြသခြင်း ဖြင့် မြန်မာ့ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းအတွက် အကျိုး ဖြစ်ထွန်း စေမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ စက်မှုနှင့် စီးပွားရေး လုပ်ငန်းရှင်များ အသင်းက ကြေညာခဲ့သည်။

(၆)ရက်ကြာ ကားပြပွဲကို ဇန်နဝါရီလ (၅)ရက်မှ (၁၀)ရက် အထိ ကျင်းပမည် ဖြစ်ပြီး အာရှ နိုင်ငံပေါင်း (၂၉)ခုမှ မော်တော်ကား များကို ပြသမည် ဖြစ်သည်။ ယင်းပြပွဲသည် အာရှဒေသတွင်း အကြီးမားဆုံး နှင့် ခေတ်အမီဆုံး ပြပွဲလည်း ဖြစ်လာသည်။

ပြပွဲအတွင်း ယာဉ် အပိုပစ္စည်းများ၊ လျှပ်စစ် စွမ်းအင်သုံး မော်တော်ကားများ၊ အဲကွန်း စံနစ်များ၊ အခြားသော ကားနှင့် ဆက်စပ်ရာ ပစ္စည်းများကို ပြသရောင်းချ သွားမည်ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး အပြန်အလှန် ပေါင်းစည်းမှုများ ရှိခဲ့ပြီးဖြစ်ရာ အိန္ဒိယ အခြေစိုက် တာတာ ကားကုမ္မဏီသည် မြန်မာနိုင်ငံနှင့် ပူးပေါင်းပြီး အကြီးစား ကုန်တင်ကားများ တည်ဆောက်ရေး စက်ရုံတခုကို မြန်မာနိုင်ငံ အတွင်း တည်ဆောက်ရန် သဘောတူညီ ထားသည်။

ထိုစက်ရုံကို ဒီဇင်ဘာလတွင် စတင် လည်ပတ်မည်ဖြစ်ရာ တာတာသည် အိန္ဒိယနိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ အနက် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်မြှုပ်နှံမှု ပြုလုပ်သော ကုမ္မဏီအဖြစ် မှတ်တမ်း ၀င်လာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here