မြန်မာနှင့် လာအို နိုင်ငံခြားရေး ဝန်ကြီးများ ပုဂံတွင် တွေ့ဆုံခဲ့ကြ

alt

မြန်မာ နိုင်ငံနှင့် အိမ်နီးချင်း လာအို နိုင်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီး များသည် မြန်မာနိုင်ငံ၏ ရှေးနိုင်ငံ တော်ဟောင်း နှင့် ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတခု ဖြစ်သည့် ပုဂံတွင် တွေ့ဆုံ ခဲ့ကြကြောင်း မြန်မာ

စစ်အာဏာပိုင် များက နိုဝင်ဘာ (၃)ရက် နေ့တွင် ပြောကြား လိုက်သည်။

ပဥ္စမ အကြိမ်မြောက် နှစ်နိုင်ငံ တွေ့ဆုံမှု အစည်းအဝေး တွင် မြန်မာဘက်မှ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လာအို ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဘွန်ကွက်ဆမ် ဆွန်ဆက် ခေါင်းဆောင် သော ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက် ခဲ့ကြသည်။

ပုဂံတွင် ပြုလုပ်သော အစည်းအဝေးတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးတက် ကောင်းမွန်စေရန်၊ နိုင်ငံတကာ ဆွေးနွေးပွဲ များတွင် တနိုင်ငံ၏ ရပ်တည်ချက်ကို အခြား တနိုင်ငံက ထောက်ခံကြရန် အဆိုပြု ဆွေးနွေး ခဲ့ကြသည်။

ယခုနှစ် ဖေဖော်ဝါရီ လက နှစ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံမှုကို မြန်မာ့ နယ်စပ်မြို့၊ တာချီလိတ်တွင် ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ကမာ္ဘလှည့် ခရီးသွား ဧည့်သည်များ အပြန်အလှန် တိုးပွားလာရန်၊ နယ်စပ် ကုန်သွယ်မှု တိုးမြှင့်ရန် စသည်တို့ကို ဆွေးနွေး ခဲ့ကြသည်။ ထို့နောက်တွင် မေလအတွင်း မြန်မာနိုင်ငံရှိ ပုဂံမြို့နှင့် လာအိုရှိ လောဝ်ဖရာဘမ် တို့ကို ညီအစ်မ မြို့တော်များ အဖြစ် အပြန်အလှန် သတ်မှတ်ပေးရန် နေပြည်တော်တွင် သဘောတူညီမှု ရရှိခဲ့ကြ ပြန်သည်။

မြန်မာနှင့် လာအိုတို့သည် မဟာ မဲခေါင်မြစ်ဝှမ်း ဒေသရှိ နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ နယ်နိမိတ်ကိုလည်း မဲခေါင်မြစ် ဖြတ်သန်း စီးဆင်းမှုဖြင့် သတ်မှတ် ထားကြသည်။ မြန်မာနှင့် လာအို တို့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တားဆီး ထိန်းချုပ်ရေးနှင့် ကူးသန်း ရောင်းဝယ်မှုများအား စုံစမ်းဖော်ထုတ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန်လည်း မကြာသေးမီက သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here