အင်္ဂလန် ဒေးလီးမေးလ် သတင်းစာအား တရားစွဲဆိုမှု ကိတ်ဝင်းဆလက် အနိုင်ရ

alt

ဟောလီးဝုဒ် စတား မင်းသမီး ကိတ်ဝင်းဆလက် သည် လန်ဒန်ထုတ် Daily Mail သတင်းစာအား အသရေ ဖျက်မှုဖြင့် တရားစွဲထားရာ အောင်မြင် ခဲ့ကြောင်း သိရှိရသည်။

သတင်းစာက မင်းသမီးသည် သူမ၏ လေ့ကျင့်ခန်း နည်းစံနစ် များကို ပရိသတ် များအား လိမ်လည်ပြောကြား နေခြင်းဖြစ်ကြောင်း ရေးသားခဲ့ရာမှ ကိတ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လန်ဒန် တရားရုံးက ယခု သီတင်းပါတ် အတွင်း ထို သတင်းစာအား မင်းသမီး ထံ ပေါင်စတာလင် (၂၅၀၀၀) ပေးချေ ရမည့် ဟု အမိန့်ချမှတ် ခဲ့သော်လည်း ထိုတရားခွင်သို့ မင်းသမီး ကိတ် ကိုယ်တိုင် တက်ရောက် ခဲ့ခြင်း မရှိဘဲ သူမ၏ လူထု ဆက်ဆံရေး အရာရှိ ရေချယ်အက်ကင် သာ လာရောက် ခဲ့သည်။

သတင်းစာကြီးက Daily Mail တွင် ဇန်နဝါရီလ အတွင်း Should Kate Winslet win an Oscar for the world’s most irritating actress? အမည်ဖြင့် ဆောင်းပါးတခု ရေးသားခဲ့ခြင်း အပေါ် အော်စကာဆုရှင် ကိတ်က မခံမရနိုင် ဖြစ်ကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။

ထိုဆောင်းပါး နှင့်အတူ မင်းသမီး၏ ရုပ်ရှင် အတော်များများမှ ၀တ်လစ်စလစ် ဓာတ်ပုံအချို့ကို သိက္ခာချချင်သော ရည်ရွယ်ချက်ဖြင့် သတင်းစာက သုံးစွဲခဲ့ကြောင်း သူမ၏ ကိုယ်စားလှယ် အရာရှိ အက်ကင်သာ က တရားသူကြီးထံ လျှောက်လဲခဲ့သည်။

သတင်းစာသည် ထိုကိစ္စအတွက် စက်တင်ဘာလ က တရားဝင် တောင်းပန်ခဲ့ပြီး မင်းသမီးအား နစ်နာကြေး ပေးဆောင်ရန် သဘောတူညီ ခဲ့သည်။ ကိတ်က ထိုကဲ့သို့ Daily Mail ဘက်မှ အလျှော့ပေးခဲ့ခြင်း အတွက် ကျေနပ်မိကြောင်း ပြောဆိုသွားပြီး အခြားသော မင်းသမီးများနှင့် မိန်းကလေး များသည်လည်း မိမိ၏ ယုံကြည်မှု အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရန် အခွင့်အရေး ရှိကြောင်း တိုက်တွန်း မှတ်ချက်ပြု သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here