Godmother အမည်ရှိ တရုတ်မားဖီးယား ဂိုဏ်းမှအမျိုးသမီး ထောင်ဒဏ် ချမှတ်ခံရ

alt

တရုတ် အစိုးရသည် မာဖီးယားဆန်ဆန် ဒုစရိုက် ဂိုဏ်း ထူထောင်ပြီး God mother အဖြစ် အမည်ခံယူ ထားသည့် အမျိုးသမီးအား ထောင် (၁၈)နှစ် ချမှတ် လိုက်ကြောင်း သိရှိ ရသည်။

နိုဝင်ဘာ (၃)ရက် နေ့က  စီရင်ချက် အပြီးသတ် ချမှတ်ခံရသော အမျိုုးသမီး သည် နိုင်ငံတောင်ပိုင်း ချုံကွင်းတွင် နေထိုင်သူ ဖြစ်ပြီး တရားမဝင် လောင်းကစား ကာစီနိုရုံများ ထူထောင် ခြင်း၊ အစိုးရဝန်ထမ်း များထံ လာဘ် ထိုးခြင်း စသည်တို့ကို ဆောင်ရွက်နေသူ ဖြစ်သည်ဟု ရုံးတော်မှ ဆိုသည်။

ဇီကိုင်ပင်ဟု အမည်ရသည့် အသက်(၄၆)နှစ် အရွယ် အမျိုးသမီး၏ ပြစ်ဒဏ်သည် ချုံကွင်း ဒေသတွင် ဂိုဏ်းဂဏများ၊ မြေအောက် အဖွဲ့များ ပေါ်ပေါက်နေကြောင်း သတင်းများကြောင့် စစ်တပ်နှင့် ရဲများက စုံစမ်း ဖော်ထုတ်ခဲ့သော အမှုများ အနက်မှ တခုသာ ဖြစ်သည်။ အခြားသော ပုဂ္ဂိုလ် (၂၁)ဦး သည်လည်း ဆက်စပ် ပြစ်မှုများကြောင့် ထောင်(၁)နှစ်မှ (၁၃)နှစ် အထိ အသီးသီး ချမှတ်ခြင်း ခံရသည်ဟု တရုတ် သတင်းများတွင် ဖေါ်ပြထားသည်။

ဇီသည် ချုံကွင်းဒေသရှိ ဒုတိယရဲချုပ်၏ ခယ်မလည်း ဖြစ်ပြီး ဒုတိယ ရဲချုပ်မှာမူ ကွန်မြူနစ်ပါတီ၏ ရာထူးချပြီး စစ်ဆေး မေးမြန်းမှုကို ဩဂုတ်လ ကတည်းက ခံနေရသည်။ ၎င်း ဒု-ရဲချုပ်သည် ဒေသခံ ဒုစရိုက် ဂိုဏ်းများအား ဆယ်စုနှစ် တခုကျော်မျှ ကြာအောင် အကာကွယ် ပေးခဲ့သည်ဟု ယုံကြည်ရသည်။

ဇီသည် တရားခွင်တွင် ရှိနေစဉ် ဒေသခံ သတင်းထောက် များအား သူမ ဘဝအကြောင်း ပြောပြခဲ့သလို ချစ်သူ (၁၆)ယောက် ရှိခဲ့ကြောင်းပင် ထည့်သွင်း ပြောဆို သွားခဲ့သည်။ သို့သော်လည်း ဒေသခံများ ကမူ ဇီအတွက် မကျေနပ်ခဲ့သလို ရဲမေတဦးက ဆိုလျှင်  သူမပိုင် လက်ဖက်ရည်ဆိုင်ကို ကာစီနိုရုံ အဖြစ် ပြောင်းဖွင့်ရန် သူမ တိုက်တွန်းသော်လည်း ဇီက ငြင်းပယ်ခဲ့ကြောင်း၊  ဇီအား ယခုလို အမှုဆင် စွပ်စွဲခံရခြင်းမှာ မတရားကြောင်း၊  ဆက်လက်ပြီး  ဇီက ထောင်ဒဏ် (၁၈)နှစ် ကျခံရအောင် သူမသည် မည်သို့သော ပြစ်မှုများ ကျူးလွန်ထားသည်ကို မေးခွန်း ထုတ်လိုကြောင်း၊ တရားရုံး၏ ပြစ်ဒဏ် အတွက် ကိုယ့်နားကိုယ်ပင် မယုံနိုင် ဖြစ်ခဲ့မိကြောင်း ပြောကြား သွားခဲ့သည်။

ဇီနှင့် အခြားသူ များအား ပြစ်ဒဏ် ချမှတ်ပြီးနောက် မြို့ခံများသည် တရားရုံးကို မကျေမနပ် ၀ိုင်းအုံနေသဖြင့် ရဲအစောင့် အရှောက်ဖြင့် တရားခံများအား ခေါ်ထုတ် သွားရကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here