အက်စပရင် ဆေးပြားများ သောက်သုံးမှု သတိပြုသင့်

alt

ကျန်းမာသော သူများသည် အက်စပရင် ဆေးပြားများကို မသုံးစွဲ သင့်ကြောင်း ဗြိတိန် ကျန်းမာရေး တာဝန်ရှိသူ များက သတိပေး ပြောကြား လိုက်သည်။

ဗြိတိန် နိုင်ငံသား အများစုသည် တနေ့လျှင် ဆေးတပြားမျှ ပုံမှန် မှီဝဲပါက ကျန်းမာရေး အတွက် အထောက်အပံ့ ဖြစ်စေမည်ဟု ယုံမှတ် မှားနေသော်လည်း အက်စပရင် ဆေးဝါးများကို နှစ်ရှည် လများ သုံးစွဲ နေခြင်းဖြင့် နှလုံး ဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်းများ ရုတ်တရက် ဖြစ်ပေါ် နိုင်ခြေ တိုးများလာကြောင်း ပညာရှင်များက ပြောကြားခဲ့ကြသည်။

လေ့လာမှု အတော် များများအရ အက်စပရင် ဆေးဝါးသည် ပထမ တကြိမ် လေဖြတ်ဖူးပြီး ပြန်ကောင်းလာသော လူနာ များအတွက် နောက်တကြိမ် လေဖြတ်ရန်နှင့် နှလုံး ရုတ်တရက် ဖောက်ပြန်နိုင်ရန် ပိုမို တွန်းအားပေး တတ်ကြောင်း သိရှိရသည်။ ဒေါက်တာ အီကာ အီဟန်နာချို က နှလုံးသွေးကြော ရောဂါ မရှိသူများသည် အက်စပရင်ကို ပုံမှန်သုံးစွဲမှုကို တတ်နိုင်သလောက် ရှောင်ကြဉ်ရန်နှင့် ဆေးပြားကြောင့် ကိုယ်တွင်း သွေးယိုစီးမှု ဖြစ်လာနိုင်သည်ကို သတိပြုရန် လမ်းညွှန် ထောက်ပြခဲ့သည်။

ဗြိတိန်ရှိ သိပ္ပံပညာရှင် များသည် ယခုနှစ် အစောပိုင်း ကတည်းက အက်စပရင်ကို ကျန်းမာနေစဉ် မှီဝဲခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ ထိုလုပ်ရပ်ကြောင့် ကောင်းကျိုးထက် အန္တရာယ်နှင့်သာ ပိုမို နီးစပ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ လူ အများအနေနှင့် အက်စပရင်အား မလိုအပ်ဘဲ စားသုံးခြင်းသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို လက်ယပ် ခေါ်နေခြင်းသာ ဖြစ်ကြောင်း သုတေသီ များက ဆိုသည်။

CVD ဟု ခေါ်သော နှလုံးသွေးကြော ရောဂါများတွင် သာမန်အားဖြင့် အာနိသင် နိမ့်သော အက်စပရင်များဖြင့် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း၊ ထိုရောဂါအတွက် သုံးစွဲရသည့် ပြင်းထန်သော အက်စပရင် များကို သာမန်အချိန်တွင် သုံးစွဲခြင်းမှာ ကြောက်စရာ ကောင်းသော အနေအထား ဖြစ်ကြောင်း ဒေါက်တာ အီဟန်နိုချို က ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here