အာဆီယံ – အမေရိကန် ထိပ်သီး အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ကိစ္စ ဆွေးနွေးမည်

alt

စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း က အာဆီယံ – အမေရိကန် ထိပ်သီး အစည်းအဝေး တွင် အမေရိကန် သမ္မတ ဘာရက် အိုဘားမား ၏ တောင်းဆို မှုကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ထည့်သွင်း ဆွေးနွေးသွားမည် ဟု ယနေ့ အတည်ပြု ပြောဆို လိုက်သည်။

ယခုလ အတွင်း ကျင်းပမည့် အစည်းအဝေးတွင် အိုဘားမား ကိုယ်တိုင် တက်ရောက်မည် ဖြစ်သည် ဟု သိရှိရပြီး၊ လောလော လတ်လတ် နိုဘယ် ငြိမ်းချမ်းရေး ဆုကို ရရှိ ထားသည့် အမေရိကန် သမ္မတသည် ၎င်းကဲ့သို့ပင် နိုဘယ် ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးထားသည့် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် အတွက် အသေးစိတ် ဆွေးနွေးမှုများ မြန်မာ စစ်အစိုးရနှင့် ပြုလုပ်သွားရန် ဆန္ဒ ရှိနေသည်ဟု ဆိုသည်။

စင်္ကာပူနိုင်ငံသည် ယခု အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးပြီး နိုဝင်ဘာ (၁၅)ရက် နေ့တွင် အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း ကြေညာထားလိုက်ပြီ ဖြစ်သည်။ ထို့အပြင် ၎င်း အစည်းအဝေးသည် အာဆီယံ (၁၀) နိုင်ငံလုံးမှ ခေါင်းဆောင်များနှင့် အမေရိကန် သမ္မတတို့ စုံညီစွာ တက်ရောက်မည့် ပထမဆုံး ညီလာခံလည်း ဖြစ်လာသည်။

အာရှ ပစိဖိတ် စီးပွားရေး ကော်ပိုရေးရှင်း အဖွဲ့ ညီလာခံအပြီး ဆက်လက် ပြုလုပ်မည့် အစည်းအဝေး အတွင်း မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်း တက်ရောက်ဖွယ် ရှိနေကြောင်း လီ က ခန့်မှန်းထားသည်။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာရော၊ အမေရိကန်ပါ ယခု အစည်းအဝေး အတွင်း မိမိတို့ အမြင်များကို ပွင့်လင်းစွာ ဖော်ထုတ် လာမည်ဟု ယုံကြည်ကြောင်းလည်း လီက ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here