မြန်မာ မပါဝင်သည့် အာဆီယံအဖွဲ့ ကာကွယ်ရေး စက်မှုကောင်စီ ထူထောင်မည်

alt

မြန်မာ မပါ၀င်သော်လည်း အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများက (၂၀၀၈) ခုနှစ် ကတည်းက ဒေါ်လာ (၁၈.၇၅) ဘီလျံ အကုန်အကျခံ ထားသည့် ကာကွယ်ရေး စီမံကိန်း တခုအတွက်

ကာကွယ်ရေး စက်မှုကောင်စီ တခု ထူထောင်ရန် ဆုံးဖြတ် ခဲ့ကြကြောင်း သိရှိရသည်။

ယခု စိတ်ကူးကို ဥရောပ ယူနီယံ၏ ဥရောပ ကာကွယ်ရေး အေဂျင်စီနှင့် ဥရောပ ကာကွယ်ရေး စက်မှုကောင်စီ ဟူ၍ နှစ်ဖွဲ့ ခွဲထားသည်ကို အခြေခံကာ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မလေးရှား ကာကွယ်ရေး ၀န်ကြီး ဒါတက်ဆာရီ ဒေါက်တာ အာမက်ဇာဟစ် ဟာမီဒီ က ယခုကိစ္စကို ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ အစည်းအဝေး အတွင်း ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။

Asdic ဟု အတိုကောက် အမည်ပေးထားသည့် ကာကွယ်ရေး အဖွဲ့သစ်တွင် ဒေသတွင်း နိုင်ငံများအတွက် လုံခြံုရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ဈေးကွက် တခုအဖြစ် သတ်မှတ် ထူထောင်ပြီး လက်နက် ကဏ္ဍအတွက် အခြားသော ကမာ္ဘ့နိုင်ငံများ အပေါ် မှီခို နေရသည်ကို လျှော့ချနိုင်ရန် ကြိုးစားသွားမည်ဟု ဟာမီဒီ က ဆိုသည်။

ယခု ကိစ္စကို ၀န်ကြီးများ စုပေါင်းဆွေးနွေး ပြီးနောက် သဘောတူညီ ခဲ့ကြကြောင်း၊ ဥပမာ အားဖြင့် အင်ဒိုနီးရှား နိုင်ငံသည် ယခု ကိစ္စအတွက် အသေးစိတ် စီမံကိန်း စာရွက်စာတန်းများ ပြုစုရန် အားတက်သရော တောင်းဆိုခဲ့ကြောင်း ဟာမီဒီ က ပြောကြားခဲ့သည်။

ဟာမီဒီ က အာဆီယံ အဖွဲ့သည် ဒေသတွင်း အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေး ကဏ္ဍ အင်အား တောင့်တင်းရန်နှင့် ကမာ္ဘ့ နိုင်ငံများမှ လုံခြံူရေး နည်းပညာများကို ဝေငှ ဖြန့်ဖြူးရန် ယခုကဲ့သို့ သီးသန့်ကောင်စီ တခု ထူထောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထောက် များအား ပြောကြားလိုက်သည်။

ဟာမီဒီ က ယခု တင်ပြမှုအား ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ များကလည်း စိတ်ဝင်တစား ချဉ်းကပ်ခဲ့ပြီး ကောင်းမွန်သော ကာကွယ်ရေး စက်မှုလုပ်ငန်း တခု ဖြစ်လာစေရန်၊ အာဆီယံ နှင့် ယင်း နိုင်ငံများ အကြား ကာကွယ်ရေး ကဏ္ဍ ဈေးကွက်အတွင်း အပြန်အလှန် မှီခို အကျိုးပြုနိုင်ရန် မျှော်လင့် နေကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here