ဒေးဗစ်ဗီလာ က မန်ယူကိုသာ ပြောင်းရွှေ့့လို

alt

ဒေးဗစ်ဗီလာ က မန်ချက်စတာ ယူနိုက် တက် သို့ ပြောင်းရွှေ့လို သဖြင့် ချဲလ်ဆီး ၏ ကမ်းလှမ်းမှုကို ငြင်းဆန် မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဗလန်စီယာ က ရောင်းချရန် ပြင်ဆင် ထားသည့် စပိန် လက်ရွေးစင် တိုက်စစ်မှူး အား ချဲလ်ဆီးက ကမ်းလှမ်း ရန် စီစဉ် နေသော်လည်း ကစားသမား ကိုယ်တိုင်က ယူနိုက်တက် သို့သာ ပြောင်းရွှေ့ရန် စိတ်အား ထက်သန် နေခဲ့ရာ ချဲလ်ဆီး၏ စိတ်ဝင်စားမှုကို ငြင်းဆန်မည် ဖြစ်ကြောင်း Metro သတင်းစာက ရေးသား ဖော်ပြခဲ့သည်။

အသက် (၂၇)နှစ် အရွယ် ဗီလာအား ဗလန်စီယာက ပေါင်(၃၃)သန်း ခန့်ဖြင့် လာမည့် ဇန်နဝါရီ လတွင် ရောင်းထုတ်ဖွယ် ရှိနေသည်။ ဗလန်စီယာသည် ငွေကြေး အကြပ်အတည်း များဖြင့် ကြံုတွေ့ နေရပြီး ၎င်းတို့၏ အထူးချွန်ဆုံး ကစားသမား နှစ်ဦးဖြစ်သည့် ဗီလာနှင့် ဒေးဗစ်ဆေးဗား တို့ကို ထုတ်ရောင်းရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းတို့ နှစ်ဦးအား စပိန် ကလပ်များဖြစ်သည့် ဘာစီလိုနာ နှင့် ရီးရဲလ်မက်ဒရစ် ထံအား မရောင်းချနိုင်ရန် ဗလန်စီယာက တင်းခံနေပြီး အင်္ဂလိပ် အသင်းများ၏ ကမ်းလှမ်းမှုကို စောင့်မျှော်နေခဲ့သည်။ Metro က ဗီလာ၏ ပထမ ဦးစားပေး ရွေးချယ်မည့် အသင်းသည် ယူနိုက်တက်သာ ဖြစ်နေသော်လည်း ၎င်း၏ အသက်နှင့် ဈေးနှုန်းက ပြဿနာ တရပ် ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။

ယူနိုက်တက်သည် ကစားသမား များအား ငွေကြေး အလုံးအရင်းဖြင့် ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် ခဲယဉ်းပြီး အသင်း၏ မူဝါဒအရ အသက်(၂၄)နှစ် အထက် ကစားသမားမျိုးကို ကြေးကြီးပေးပြီး ခေါ်ယူရန် လက်တွန့် နေတတ်သည်။

သို့သော်လည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှု အဆင်ပြေပါက ဗီလာ၏ အနာဂတ်သည် ယူနိုက်တက် ၏ အိုးထရက်ဖို့ဒ် ကွင်းကြီး၌သာ ဖြစ်လာနိုင်ကြောင်း Metro က ညွှန်းဆို ဖော်ပြ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here