ဝေါထရိတ်စင်တာ အဆောက်အဦး ပျက်မှ သံမဏိများဖြင့် ဆောက်လုပ်ထားသည့် အမေရိကန် စစ်သင်္ဘော

alt

အိုစမာ ဘင်လာဒင် ၏ လက်ချက် ကြောင့် ပြိုကျ ပျက်စီး သွားသော WTC အဆောက်အဦးကြီးမှ သံမဏိများကို ပြန်လည် အသုံးပြုကာ ဆောက်လုပ် ထားသည့် U.S.S New York

စစ်သင်္ဘောကြီး သည် ယခုအပါတ် အစောပိုင်း က နယူးယောက် မြို့တော် သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။

နိုဝင်ဘာ (၂)ရက် နေ့က မက်ဟမ်တန် သို့ ရောက်ရှိလာသော စစ်သင်္ဘော ကြီးသည် ၎င်း၏ကိုယ်ထည် အစိတ်အပိုင်းများ၏ မူလနေရာ ဖြစ်သော အမိမြေသို့ ပြန်လည် ရောက်ရှိလာသည့် အတွက် စိတ် လှုပ်ရှားမိကြောင်း သင်္ဘော၏ အုပ်ချုပ်ရေး အဖွဲ့က ပြောကြားခဲ့သည်။

၂၀၀၁-ခုနှစ်၊ စက်တင်ဘာ (၁၁)ရက် နေ့က ပြန်ပေးဆွဲခဲ့သည့်  ခရီးသည်တင် လေယာဉ်နှစ်စင်း နှင့် ဝင်တိုက်၍ ပြိုကျသွားသော အဆောက်အအုံကြီး ထံမှ သံမဏိ (၇.၅)တန် ကို သင်္ဘောကြီး အတွင်း ပြန်လည် အသုံးပြုထားခြင်း ဖြစ်သည်။ တူညီဝတ်စုံ ဆင်မြန်းထားသော သင်္ဘောသား များနှင့် မရိန်းတပ်ဖွဲ့ဝင် များသည် ထိုနေ့နံနက် ဒေသ စံတော်ချိန် (၇)နာရီတွင် သင်္ဘောကြီး နယူးယောက်သို့ ဆိုက်ရောက်လာစဉ် သင်္ဘော ကုန်းဘောင် တဖက်တချက်မှ စီတန်းကာ သင်္ဘောကြီး၏ အမိမြေသို့ အပြန် ခရီးအတွက် ဂုဏ်ပြု ခဲ့ကြသည်။

ယင်းတို့အနက် နယူးယောက်မြို့မှ ဆန္ဒအလျှောက် ပါ၀င်ခဲ့သော မြို့ခံလူ အမြောက်အမြားလည်း ပါ၀င်ကြသည်။ သင်္ဘောကြီးသည် မက်ဟမ်တန် အနောက်ဘက်ရှိ Intepid Sea အာကာသနှင့် လေကြောင်း ပြတိုက်အနီးတွင် ယခုအခါ ရပ်နားထားသည်။

ယနေ့သည် ခါးသီးချိုမြသော ခံစားချက်ကို ရောထွေး ဖော်ဆောင်သည့် နေ့တနေ့ ဖြစ်ကြောင်း သင်္ဘောသား တဦးက ဆိုသည်။ သင်္ဘောကြီးကို တွေ့မြင်ရခြင်း အတွက် WTC ဖြစ်ရပ်ဆိုးကြီးကို သတိရမိကြောင်း၊ သို့သော်လည်း WTC ၏ ၀ိဉာဉ် ကိန်းအောင်းနေသည်ဟု သတ်မှတ်ထားသည့် သင်္ဘောကြီး နယူးယောက်သို့ ပြန်ရောက်လာခြင်း အတွက် ကြည်နူးမိကြောင်း ၎င်း သင်္ဘောသားက သတင်းမီဒီယာများသို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here