ရွေးကောက်ပွဲ အောင်ပွဲခံ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း အား အိုဘားမား ဂုဏ်ပြုချီးကျူး

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမား က အာဖဂန်နစ္စတန် ရွေးကောက်ပွဲတွင် ထပ်မံအနိုင် ရရှိသွားသည့် သမ္မတ ဟာမစ် ကာဇိုင်း အား ဂုဏ်ပြု ချီးကျူးပါကြောင်း ပြောဆိုလိုက်သည်။

အာဖဂန်တွင် မဲလိမ်မှုများ ရှိနေကြောင်း စွပ်စွဲမှုများ ဖြစ်ပေါ်လာ ခဲ့ပြီးနောက် ဒုတိယအကြိမ် ရွေးကောက်ပွဲကို ထပ်မံပြုလုပ်ခဲ့ရာ လက်ရှိ အာဏာရ သမ္မတ ကာဇိုင်း ကပင် ဒုတိယအကြိမ် အနိုင်ရသွားခြင်း ဖြစ်သည်။

အိုဘားမားက ကာဇိုင်းအား ချီးကျူးပြောဆို ခဲ့သော်လည်း အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် ယခုထက်ပိုမို အာရုံ စိုက်သင့်ကြောင်း ထပ်လောင်း ပြောကြား လိုက်ပြန်သည်။ ကာဇိုင်း အနေနှင့် အာဖဂန် တပ်ဖွဲ့များ၏ စွမ်းအင်ကို တိုးမြင့်လာအောင် ဆောင်ရွက် သင့်ကြောင်း အိုဘားမားက အိမ်ဖြူတော်မှ ပြောကြားသော မိန့်ခွန်းအတွင်း ထည့်သွင်း ဖော်ပြသွားသည်။

အိုဘားမား သည် နိုဝင်ဘာ (၂)ရက် နေ့က ရွေးကောက်ပွဲ အောင်မြင်ကြောင်း အတည်ပြု ရလဒ် ထွက်ပေါ် လာခဲ့ပြီးနောက် ကာဇိုင်းထံ ဖုန်းဆက်ကာ ဂုဏ်ပြုခဲ့သည်။ ကာဇိုင်းသည် အဓိကပြိုင်ဘက် အက်ဘဒူလာ အက်ဘဒူလာ နှင့် နောက်တကြိမ် ယှဉ်ပြိုင်ပြီးနောက် အတိုက်အခံ ခေါင်းဆောင် အက်ဘဒူလာမှာ အရေးနိမ့် သွားကြောင်း ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရောဘတ်ဂစ် ကလည်း ကာဇိုင်းအား သမ္မတအဖြစ် ဆက်လက် တည်ရှိနေခြင်းကို အတိအကျ သတ်မှတ် ပေးနိုင်သဖြင့် အမေရိကန် ပြည်ထောင်စုမှ ဂုဏ်ယူပါကြောင်း သီးသန့်ကြေညာ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here