၂၀၁၂ ခုနှစ်တွင် ပထမဆုံး အာကာသ ဟိုတယ် ဖွင့်လှစ်မည်

alt

၂၀၁၂ – ခုနှစ် အတွင်း ပထမဆုံး အာကာသ ဟိုတယ်ကို ဖွင့်လှစ် တော့မည်ဟု သိရှိရသည်။ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှ Galactic Suite ကုမ္မဏီက ၎င်းတို့ တည်ဆောက်မည့်

အာကာသ ဟိုတယ်တွင် တည်းခိုသူ များသည် (၃)ည အတွက် ယူရို(၃)သန်း ကျသင့်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာ ပြောကြား လိုက်သည်။

အာကာသထဲ အလည်အပတ် ခရီး ထွက်လိုသော သန်းကြွယ် သူဌေးများ အတွက် ရည်ရွယ်သည့် ယင်းဟိုတယ်၏ ၀န်ဆောင် စရိတ်တွင် သမပိုင်းဇုန် ကျွန်းတခုအတွင်း (၈)ပါတ်ကြာ လေ့ကျင့်မှု များကိုပါ ထည့်သွင်း ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

Galactic Suite Space Resort ဟု အမည် ပေးထားသော ယင်းဟိုတယ်တွင် တည်းခိုနေသော ဧည့်သည်များသည် တနေ့လျှင် နေထွက်သည်ကို (၁၅)ကြိမ် အထိ တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ဟိုတယ်တွင် ရောက်နေသူများ အတွက် မိနစ်(၈၀)ကြာတိုင်း နေတခါ ထွက်သည့် အတွေ့အကြံု ထူးကို ခံစားနိုင်မည် ဖြစ်သည်။

ကုမ္မဏီ၏ CEO ဇေဗီယာ ကလာရာမန့် က ၎င်းတို့သည် ကမာ္ဘမြေအထက် မိုင်(၂၈၀)တွင် ဟိုတယ်တခု တည်ဆောက်ရန် (၂၀၀၇) ခုနှစ် ကတည်းက စတင်ကြံစည် နေခဲ့ကြောင်း ပြောကြား သွားခဲ့သည်။ ဇေဗီယာက အာကာသ ဟိုတယ်အကြောင်း စိတ်ဝင်တစား စုံစမ်းသူ (၂၀၀) ကျော်ရှိပြီး (၄၈)ဦးမှာ အခန်းကြိုမှာ ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here