စီးပွား ပျက်ကပ်ကြောင့် အမေရိကန် အိမ်ထောင်သည်များ ပိုချစ် လာကြသလား?

alt

အမေရိကန် တွင် စီးပွားပျက်ကပ် ဆိုက်ရောက် ပြီးနောက် ကွာရှင်း ပြတ်စဲ သူ လင်မယား အရေအတွက် သိသိ သာသာ ကျဆင်းလာကြောင်း သိရှိ ရသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ ကွာရှင်းစရိတ် မတတ်နို်င်ခြင်းက အဓိက အကြောင်း အရင်း ဖြစ်ကြောင်း တရားရေး ဌာန ထုတ်ပြန် ကြေငြာချက် က ဆိုသည်။

၎င်းတို့သည် လင်မယား (၁၆၀၀) ကျော် တို့ကို စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ စီးပွား ပျက်ကပ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ပွားမှု များလာပြီး ၀င်ငွေ လျော့လာရာ ကွာရှင်းစရိတ် မပေးနိုင်သဖြင့် လင်မယား ကွဲချင်လျှက်နှင့် တရားဝင် မကွာနိုင်ကြောင်း ၀န်ခံ ခဲ့ကြသည်။

ထို့ကြောင့်လည်း အမေရိကန်တွင် ကွာရှင်း ပြတ်စဲရန် လျှောက်ထားသော ဇနီးမောင်နှံ အရေအတွက် သည် (၂၀၀၈) ခုနှစ်နှင့် နှိုင်းစာပါက (၅၇) ရာခိုင်နှုန်း လျော့ကျ သွားခဲ့ရသည်။ ယင်း တရားရေး ဋ္ဌာနမှ လေ့လာသူ တဦးက စီးပွားပျက်ကပ်သည် အိမ်ထောင်စု များကို ပြင်းထန်စွာ ရိုက်ခတ် လာပြီးနောက် လင်မယားများ အကြား ထိိုကိစ္စကို ကြံ့ကြံ့ခံနိုင်ရန် အပြန်အလှန် အားပေး ထောက်ကန်ပေးမှု တိုးပွားလာခြင်းမှာမူ ကောင်းမွန်သော ရလဒ် တခုအဖြစ် အဆိုးထဲမှ အမြတ်ထွက် လာကြောင်း အကောင်းဖက်မှ ရှုမြင်သုံးသပ် ပြောဆိုလိုက်သည်။

သို့သော်လည်း (၂၀၁၀) ခုနှစ် နှောင်းပိုင်းတွင်မူ လင်မယား ကွာရှင်းမှု အခြေအနေ ပြန်လည်များပြား လာဖွယ် ရှိကြောင်းလည်း ၎င်းက ဆက်လက် ထောက်ပြ ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here