မိုက်ကယ်ဂျက်ဆင် ၏ မှတ်တမ်းရုပ်ရှင် ဝင်ငွေ အလွန်ကောင်းနေ

alt

မိုက်ကယ်ဂျက်ဆင် ၏ ဖျော်ဖြေပွဲ မတိုင်မီ အစမ်းလေ့ကျင့်မှု မှတ်တမ်း တင် ဗီဒီယိုကို ရုံတင်ပြသခဲ့ရာ တပါတ် အတွင်း ၀င်ငွေ ဒေါ်လာ (၃၄.၅)သန်း အထိ ရရှိခဲ့ကြောင်း Sony ကုမ္မဏီက ကြေညာ လိုက်သည်။

ပြီးခဲ့သည့် သီတင်းပါတ် အကုန်ပိုင်းက စာရင်းများအရ This Is It မှတ်တမ်း ရုပ်ရှင်မှ ဒေါ်လာ (၂၃.၂)သန်း ရရှိခဲ့ပြီး Paranormal Activity ဇာတ်ကားကို ကျော်ဖြတ်ကာ အမေရိကန် Box Office တွင် ထိပ်ဆုံးမှ ရပ်တည် နေခဲ့သည်။

ဇွန်လ (၂၅)ရက် နေ့က နှလုံးရောဂါ ဖောက်ကာ ကွယ်လွန် သွားရှာသော Pop ဂီတ အဆိုတော်ကြီး၏ မှတ်တမ်း ဇာတ်ကားမှ တပါတ်အတွင်း ဒေါ်လာ သန်း(၄၀) အထိ ရရှိလာမည်ဟု Sony က ခန့်မှန်း ထားသော်လည်း ထိုမျှ အထိမူ မအောင်မြင်ခဲ့ပေ။

Box Office ၏ တတိယ နေရာတွင် Law Abiding Citizen၊ စတုတ္ထ နေရာတွင် Couples Retreat၊ ပဥ္စမ နေရာတွင် Where the Wild Things Are တို့က အစဉ်လိုက် ရပ်တည် နေခဲ့သည်။ This Is It မှတ်တမ်းရုပ်ရှင်ကို အောက်တိုဘာ (၂၈)ရက် နေ့က စတင်ရုံတင် ပြသခဲ့ပြီး ပရိသတ် အချို့ ကမူ Sony သည် ဂျက်ဆင်၏ အောင်မြင်မှုကို ခုတုံးလုပ် ကိုယ်ကျိုးရှာခဲ့ကြောင်း စွပ်စွဲထားသည်။

ထို ဇာတ်ကားသည် ဂျက်ဆင်၏ ဖျော်ဖြေပွဲအတွက် လေ့ကျင့်ချိန် နာရီ(၃၀၀) အနက်မှ အကောင်းဆုံး ပြကွက်များကို ထုတ်နှုတ် ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here