Mozilla Firefox beta ဗားရှင်းအသစ် ထွက်ရှိ

alt

Mozilla က ၎င်းတို့၏ နာမည်ကျော် Web Browser ဖြစ်သည့် Firefox အတွက် beta Version 3.6 ကို ထုတ်ဝေလိုက်ပြီ ဖြစ်သည်။

ယခု သီတင်းပါတ် အတွင်း Mozilla ၏ ၀ဘ်ဆိုဒ် မှတဆင့် ယင်း Browser အသစ်ကို အခမဲ့ Download လုပ်ယူနိုင်ပြီဟု သိရှိရသည်။ Mozilla က Firefox အသစ်သည် Feature အသစ်များကို ထပ်မံဖြည့်တင်း ပေးထားကာ ပိုမိုမြန်ဆန် ကောင်းမွန်ကြောင်း ပြောကြားလိုက်သည်။

Firefox 3.6 ကို PC၊ Mac နှင့် Linux ကွန်ပြူတာများ အတွက် Version အလိုက် ခွဲခြား ရယူနိုင်သည်။ ယခု Version အရ Java Script ရေးသားသူများ အတွက် ပိုမို မြန်ဆန်သော Feature၊ Plug-in အသစ်များ၊ Bookmark Synchronization စသည်တို့ ကိုပါ အသုံးပြုနိုင်သည်။

Firefox 3.6 ကို လက်တလောတွင် Beta အဆင့်ဖြင့် စမ်းသပ်ထုတ်လွှင့် ပေးထားပြီး CSS၊ DOM နှင့် HTML5 စသော Code များအတွက် ထောက်ပံ့မှု အသစ်များ ပါ၀င်လာခဲ့သည်။ Gecko 1.9.2 Web Rendering Engine ကို အခြေခံ ထုတ်လုပ် ထားသော Firefox 3.6 သည် လျင်မြန်မှုပိုင်း ပိုမိုကောင်းမွန် လာသော်လည်း Mac အတွက် ရည်ရွယ်သော Version တွင်မူ စိတ်အနှောင့်အယှက် ဖြစ်စရာ ချွတ်ယွင်းချက် အချို့ ပါရှိနေဆဲ ဖြစ်ရာ Mozilla က မကြာမီ ပြင်ဆင် ပေးသွားမည်ဟု Mac User များအား ကတိပြု ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here