အာဆီယံအဖွဲ့မှ နိုင်ငံခေါင်းဆောင် များအား သမ္မတ အိုဘားမား ဝါရှင်တန်သို့ ဖိတ်ခေါ်ရန် စီစဉ်နေ

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမား သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင် များအား ၀ါရှင်တန်သို့ ဖိတ်ခေါ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

၂၀၀၉ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် သမ္မတကြီးသည် အာဆီယံမှ အရှေ့တောင်အာရှ (၁၀)နိုင်ငံ၏ ခေါင်းဆောင်များကို လာမည့်နှစ် အတွင်း ဖိတ်ကြား တွေ့ဆုံဖွယ်ရှိကြောင်း အိမ်ဖြူတော်မှ လာသော သတင်းများက ဖော်ပြခဲ့ကြသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်အစိုးရ နိုင်ငံခြားရေး အရာရှိ ကတ်ကင်းဘဲလ် က သမ္မတကြီးသည် အာဆီယံဒေသနှင့် ပိုမိုရင်းနှီး ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်လိုသော ဆန္ဒရှိကြောင်း နိုဝင်ဘာ (၁)ရက် နေ့က ၀ါရှင်တန်ရှိ ဆွေးနွေးပွဲ တခုတွင် ပြောကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံသို့ အမေရိကန်နှင့် မူဝါဒရေးရာ စေ့စပ်မှုများ ပြုလုပ်ရန် ယခု သီတင်းပါတ်အတွင်း သွားရောက်ရန် စီစဉ်ထားပြီး ၎င်း၏ ခရီးစဉ်အရ ကင်းဘဲလ် သည် (၁၉၉၇)ခုနှစ် နောက်ပိုင်း မြန်မာ့မြေသို့ ခြေချမည့် အမေရိကန်၏ အဆင့်အမြင့်ဆုံး အစိုးရ အဖွဲ့ဝင် တဦးအဖြစ် မှတ်တမ်း ၀င်လာမည် ဖြစ်သည်။

ကင်းဘဲလ်၏ အဆိုအရ သမ္မတ အိုဘားမားသည် အာဆီယံ – အမေရိကန် တွေ့ဆုံပွဲအား စင်္ကာပူတွင် ကျင်းပစဉ် ယင်း ရည်ရွယ်ချက်ကို တရားဝင် ကြေညာဖွယ် ရှိကြောင်း သိရှိရသည်။ သမ္မတ အိုဘားမားသည် အာဆီယံ၏ နိုင်ငံခေါင်းဆောင် (၇)ဦအား နိုဝင်ဘာ (၁၅)ရက် နေ့တွင် တွေ့ဆုံသွားမည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here