အမေရိကန် အကြီးတန်း သံတမန်နှစ်ဦး နေပြည်တော် သို့ ရောက်ရှိ

alt

အမေရိကန် နိုင်ငံမှ အကြီးတန်း သံတမန် နှစ်ဦးသည် မြန်မာ စစ်အစိုးရ နှင့် ရှားရှားပါးပါး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အတွက် နိုဝင်ဘာလ ၃ရက် (ယနေ့) တွင် မြန်မာ နိုင်ငံသို့ရောက်ရှိ

လာကြောင်း အမေရိကန် သံရုံး တာဝန်ရှိသူ Richard Mei က ယနေ့နံနက် ထုတ်ဖေါ် ပြောကြား လိုက်သည်။

အမေရိကန် သံတမန်များ အနေဖြင့် ယခု ခရီးစဉ်တွင် စစ်အစိုးရ၏ ထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ပြယုဂ် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံမည်ဟု သိရှိရသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ရေးရာ လက်ထောက် နိုင်ငံခြားရေး အရာရှိ ကတ်ကင်းဘဲလ် နှင့့် ၎င်း၏တွဲဖက် အရာရှိတို့၏ ယခု ခရီးစဉ်မှာ အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့၏ မြန်မာ စစ်အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းရေး လတ်တလော ဆောင်ရွက်မှု တရပ်လည်း ဖြစ်သည်။

အမေရိကန် သံတမန် နှစ်ဦးသည် စစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိလာပြီး ထိပ်တန်း တာဝန်ရှိသူ များနှင့် တွေ့ဆုံမည် ဖြစ်သည်။ ထို့နောက် နိုဝင်ဘာလ ၄ရက် နေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား အတိုက်အခံ ခေါင်းဆောင်များကို သွားရောက် တွေ့ဆုံရန် စီစဉ်ထားကြောင်း အမေရိကန် သံရုံး ပြောရေးဆိုခွင့် ရှိသူ Richard Mei က ပြောကြားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here