နျူကလီးယားသုံး အာကာသယာဉ်ဖြင့် မားစ်ဂြိုလ်သို့ လူ လိုက်ပါနိုင်ရန် ရုရှား မျှော်လင့်နေ

alt

ရုရှား အာကာသ အေဂျင်စီ အကြီးအကဲ က နျူကလီးယား စွမ်းအင်သုံး အာကာသ ယာဉ်များကို တည်ဆောက် ပြီးနောက် မားစ်ဂြိုဟ်သို့ လူလိုက်ပါ နိုင်သည့် အာကာသ ခရီးစဉ်ကို

အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။

အနာတိုလီ ပါမီနော့ သည် အစိုးရ ထိပ်သီး အစည်းအဝေး တခုတွင် အနာဂတ် ကာလ ရုရှား၏ အာကာသ သိပ္ပံ နည်းပညာ နယ်ပယ်အတွက် နျူကလီးယား စွမ်းအင်သုံး အာကာသယာဉ်များ ဆောက်လုပ် သင့်ကြောင်း အကြံပြုခဲ့သည်။

ထို့နောက်တွင် ထို အာကာသယာဉ်များကို နေ စကြင်္ာဝဠာ အတွင်းရှိ အခြားဂြိုဟ် များသို့ သွားရောက်ရေး စီမံကိန်း အတွက်ပါ အသုံးချ နိုင်လိမ့်မည်ဟု အနာတိုလီက ဖြည့်စွက် ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက် သည် အာကာသ အေဂျင်စီ အကြီးအကဲ၏ စိတ်ကူးအပေါ် သဘောကျသော်လည်း စီမံကိန်း လျာထားငွေ ယူရိုသန်း(၄၀၀) အတွက် ပြဿနာရှိကြောင်း ၀န်ခံထားခဲ့သည်။

အနာတိုလီ ကမူ ယခုကဲ့သို့ နျူကလီးယား စွမ်းအင်သုံး လွန်းပျံယာဉ်သစ် တည်ဆောက်ရေး စီမံကိန်းသည် နည်းပညာ နယ်ပယ်တွင် ခြေလှမ်းသစ် ဖြစ်လာနိုင်ကြောင်း ပြောဆိုလိုက်ပြီး ရုရှားသည် သက်တမ်းအလွန် ကြာညောင်းနေပြီ ဖြစ်သည့် ၎င်းတို့၏ အာကာသယာဉ် ဆိုယု နေရာတွင် အစားထိုးရန် ယာဉ်သစ်တစင်း ဆောက်လုပ်ရေး အတွက် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here