āလူ့ ဦးနှောက်အတွင်း ကြံစည်တွေးတော နေသမျှ ကွန်ပျူတာဖြင့် ဖော်ထုတ် နိုင်တော့မည်

alt

စိတ်ကို ဖတ်ရှုနိုင်သော ကွန်ပြူတာ တခုသည် လူတဦး၏ ဦးနှောက်အတွင်း ကြံစည်တွေးတော နေသော စိတ်ကူး စိတ်သန်း များကို ဖော်ထုတ် နိုင်တော့ မည်ဟု ပညာရှင် များက ဆိုသည်။

သိပ္ပံပညာရှင် များသည် ယင်းစိတ်ဖတ် ကွန်ပြူတာအား နှစ်ရှည်လများ တီထွင် နေခဲ့ရာ ယခုအခါ တိုးတက်မှု ကြီးကြီး မားမား ရရှိနေပြီ ဖြစ်သည်ဟု ဆိုသည်။ ထူးဆန်း အံ့ဩဖွယ် ယင်း ကွန်ပြူတာ သည် လူတဦး၏ ဦးနှောက် အတွင်း လှုံ့ဆော်မှုများကို မှတ်သား တိုင်းတာကာ ကွန်ပြူတာ Screen တွင် ရုပ်မြင်သံကြား သဖွယ် ဖော်ပြနိုင်အောင် ဖန်တီးထားသည်။

ယခင်က စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများ တွင်သာ တွေ့မြင်နိုင်သည့် ယင်းခေတ်လွန် ကွန်ပြူတာကို လူတဦး၏ စိတ်ကူးအိပ်မက် များအား ဖော်ထုတ်ရန်နှင့် မှုခင်းကိစ္စများကို စူးစမ်း ထောက်လှမ်းရန် အဓိက အသုံးပြု သွားမည်ဟု ယင်း ကွန်ပြူတာကို တီထွင်နေသည့် အမေရိကန် ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

ရှေ့ဆောင်လမ်းပြ တီထွင်မှုအဖြစ် သတ်မှတ်ရမည့် အဆိုပါ ကွန်ပြူတာကို အသုံးပြုကာ ပညာရှင်များသည် လူတဦး၏ ဦးခေါင်းကို Scan ဖတ်ပြီး ၎င်း၏ အတွေးပုံရိပ်ကို ရုပ်မြင်သံကြား မှတဆင့် တိုက်ရိုက်ကြည့်ရှု နိုင်ခဲ့သည်။ ဘာကီလီရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျက်ဂါးလန့်က ၎င်းဦးဆောင်သော သုတေသီအဖွဲ့သည် ကွန်ပြူတာနှင့် ပတ်သက်ပြီး လုပ်ငန်းပိုင်း ဆိုင်ရာ အထူး ကျေနပ်ကြောင်း ပြောကြားခဲ့သည်။

ယခု ကွန်ပြူတာကို အနုပညာ ဖန်တီးသူများ သဘောကျမည် ဖြစ်သလို မျက်မြင်သက်သေ တဦး ကြံုခဲ့ရသော မှုခင်းဖြစ်ရပ်ကို ရဲများက တိုက်ရိုက်ကြည့်ရှု နိုင်ရန်လုံး အသုံးချနိုင်မည်ဟု ဂါးလန့်က ဆိုသည်။ ၎င်းက လေ့လာမှုများ အရ လူတဦးသည် မည်သို့ပင် ဟန်ဆောင်ဖုံးကွယ် နေသော်လည်း ၎င်း၏ မသိစိတ်က တွေးတောနေမှုများကို ကွန်ပြူတာဖြင့် ပုံဖော်ဖမ်းယူရာ ကျေနပ်လောက်သော အောင်မြင်မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here