သမ္မတ အိုဘားမားရှိရာ အိမ်ဖြူတော်သို့ ကလေးငယ်များ Halloween လက်ဆောင် လာရောက်တောင်းကြ

alt

အောက်တိုဘာ (၃၁)ရက် နေ့က ကလေးငယ်ပေါင်း (၂၀၀၀)ကျော် တို့သည် Halloween လက်ဆောင်များ တောင်းယူရန် အိမ်ဖြူတော်အား လာရောက် တံခါးခေါက် ခဲ့ကြသည်။

ယင်း ကလေးငယ်များ၏ အများစုသည် စစ်ဖက်နှင့် အိမ်ဖြူတော် ၀န်ထမ်း မိသားစုများမှ ဖြစ်ပြီး အမေရိကန် သမ္မတ ဘာရက် အိုဘားမား နှင့် သမ္မတ ကတော် မစ်ချယ်အိုဘားမား တို့က ကလေးများကို အိမ်ဖြူတော်သို့ Halloween အထိမ်းအမှတ် အဖြစ် လာရောက်ခွင့် ပြုခဲ့သည်။

သမ္မတသည် ယခုကိစ္စအား စစ်ဖက် ၀န်ထမ်းများနှင့် ပိုမိုရင်းနှီးစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံ သူရဲကောင်းများ၊ ပင်လယ်ဓားပြများ၊ အရိုးစုများ နှင့် နတ်သမီးလေးများ သဖွယ် အသွင်အမျိုးမျိုး ၀တ်ဆင်ထားသော ကလေးများကို အိုဘားမား တို့ ဇနီးမောင်နှံက ပြံုးရွှင်စွာ ဧည့်ခံရင်း ကွတ်ကီးမုန့်များ၊ သကြားလုံးများ လက်ဆောင် ဝေငှ ပေးခဲ့ကြသည်။

အိမ်ဖြူတော်မှ စားဖိုမှူး ဘီယောဆက်က ကလေးများသည် အမျိုးသားဥယျာဉ် ဖောင်ဒေးရှင်း၏ လှုပ်ရှားမှုများ အကြောင်း စာအုပ်တအုပ်စီ လက်ဆောင် ရခဲ့သေးသည်ဟု ပြောဆိုသွားခဲ့သည်။ သမ္မတကတော် မစ်ရှယ်သည် ယင်းနေ့တွင် ရယ်စရာ ကောင်းသော ကြောင်နားရွက်ပုံကို ခေါင်းတွင် ဆင်မြန်းထားရာ ကလေးများအတွက် သဘောကျစရာ ဖြစ်နေခဲ့ရသည်။

သမ္မတကြီးက ကလေးများရော၊ ၎င်း၏ဇနီးပါ ချစ်စရာကောင်းကြောင်း၊ ဇနီးသည်မှာ အလွန်ကြည့် ကောင်းသည့် Catwoman နှင့်တူကြောင်း ရယ်မော ပြောကြားသွားသည်။ ထိုနေ့က သူမတို့နှင့် ရွယ်တူ ကလေးများစွာ တို့သည် ထူးထူးဆန်းဆန်း ၀တ်စုံများကို တပျော်တပါး ဆင်မြန်း လာခဲ့သော်လည်း အိုဘားမား တို့၏ သမီး(၂)ဦးဖြစ်သော ဆာရှာ နှင့် မယ်လီနာ တို့သည် ယင်းကဲ့သို့ မဝတ်ဆင်ဘဲ သာမန် အဝတ်အစားများ ဖြင့်သာ တွေ့မြင်ရကြောင်း အိမ်ဖြူတော်ရှိ ၀န်ထမ်းများက ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here