အဆိုးဝါးဆုံး ကျော်ကြားသူ အဖြစ် မို်င်လီဆိုင်းရပ် ထိပ်တန်းမှ မဲပေးခံရ

alt

JSYK.com ၀ဘ်ဆိုဒ်၏  စစ်တမ်းပြု ကောက်ခံထားသော ဆန္ဒမဲ များအရ Hannah Montana ဇာတ်ကား၏ နာမည်ကျော် အဆိုတော် မင်းသမီးလေး မီလီဆိုင်းရပ် သည် (၂၀၀၉)ခုနှစ် အတွက် အဆိုးရွားဆုံး Celebrity အဖြစ်

မဲပေး ခံရကြောင်း သိရှိရသည်။

ဩဂုတ်လ အတွင်းက ဖျော်ဖြေပွဲ တခုတွင် ရမ္မက် နှိုးဆွသည့် တိုင်ဖက်အက Pole Dance ဖြင့် ဖျော်ဖြေခဲ့ခြင်း၊ ဖေဖော်ဝါရီလ အတွင်း အရှေ့တိုင်းသား တဦးသဏ္ဍာန် မျက်လုံးမှေးကာ လူမျိုးရေး စော်ကားမှုတခု ပြုလုပ်ခဲ့ခြင်း တို့သည် မီလီအား ယခုကဲ့သို့ ထိပ်ဆုံးနေရာ တွန်းတင် ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အသက် (၁၆)နှစ် အရွယ် မင်းသမီးလေး၏ Twitter ကို စွန့်ခွာရန် ဆုံးဖြတ်ချက် မှာလည်း ပရိသတ်အား စော်ကားမှု တခုသဖွယ် ဖြစ်သွားစေခဲ့ သေးသည်။ မီလီ၏နောက်တွင် ဘရစ်တနီစပီးယား က ဒုတိယချိတ်ပြီး ပါးစပ်စည်းကမ်း မရှိသူအဖြစ် လူသိများသည့် Rap အဆိုတော် ကင်ညာဝက်စ်က တတိယ နေရာမှ ရပ်တည်နေခဲ့သည်။

လူငယ်များ အတွက် ကောင်းသတင်းဖြင့် လွှမ်းမိုးနိုင်သော Celebrity များ စာရင်းတွင်မူ ဆလီနာဂိုမက်စ် က ရပ်တည်နေပြီး အဆိုတော်မလေး တေလာဆွစ်၊ နစ်ဂျိုနက်၊ Harry Potter မင်းသမီးချော အေမာဝတ်ဆင် နှင့် ဂျက်စတင်ဘီဘာ တို့က ထိပ်ဆုံး (၅)ဦး စာရင်းတွင် အစဉ်အလိုက် သတ်မှတ်ခံရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here