ကမာ္ဘ့ အကြီးဆုံး ဇိမ်ခံသင်္ဘော မီးခိုးခေါင်းတိုင်ကြောင့် ပိတ်မိနေခဲ့

alt

ကမာ္ဘ့အကြီးဆုံး သင်္ဘောကြီးအဖြစ် မှတ်တမ်းဝင်သော The Oasis of the Seas သည် ဒိန်းမတ် နိုင်ငံနှင့် ဆွီဒင်နိုင်ငံသို့ ဆက်သွယ်ထားသည် တံတားကို ဖြတ်ကျော်စဉ် သင်္ဘော မီးခိုးခေါင်းတိုင်နှင့် မလွတ်သောကြောင့်

တံတားအောက် ပိတ်မိနေခဲ့ကြောင်း သိရှိရသည်။

သင်္ဘောကြီးသည် အမြင့်အားဖြင့် အထပ်(၂၀)ရှိ တိုက်တလုံးမျှ ရှိနေပြီး တံတားအောက်မှ ကျဉ်းမြောင်းသော ရေလမ်းကြောင်း အတိုင်း ဘောလ်တစ် ပင်လယ်ကို ဖြတ်ကျော်စဉ် ယခုလို ပြဿနာ ဖြစ်ပွားခဲ့ခြင်းဟု သိရှိရသည်။

တံတား၏ တာဝန်ရှိသူ များက သင်္ဘောခေါင်းတိုင်ကို နှိမ့်ထားသည့်တိုင် (၂)ပေမျှ မလွတ်မကျွတ် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ကမ်းခြေတွင် လူထောင်ပေါင်း များစွာသည် ပိတ်မိနေသော သင်္ဘောကို လာရောက် ကြည့်ရှုခဲ့ပြီး (၄)နာရီ အကြာမှ နိုဝင်ဘာ (၁)ရက်နေ့ ညသန်းခေါင်တွင် ဖလော်ရီဒါသို့ ဦးတည်ခုတ်မောင်း သွားနိုင်ခဲ့သည်။

ကမ်းပေါ်မှ ကြည့်ရှုနေသည့် အသက်(၅၆)နှစ် အရွယ် ကက်ဟောက ယခုမြင်ကွင်းသည် အလွန်ထူးဆန်းပြီး မြင်ရခဲကြောင်း၊ ကြီးမားလှသည့် သင်္ဘောကြီး တံတားအောက် ၀င်သွားပြီး ညပ်နေသည်ကို ယခင်က မကြံုဖူးကြောင်း ပြောကြားခဲ့သည်။ The Oasis of the Seas သည် Titanic (တိုက်တိုင်းနစ်သဘောင်္) ထက် (၅)ဆကြီးပြီး ဂေါက်ကွင်းငယ် တခု၊ ရေခဲလျှောစီး ကွင်းတခု၊ လူ(၇၅၀) ကြည့်ရှုနိုင်သည့် ရုပ်ရှင်ရုံ တခုတို့ ပါရှိသည်။

ရေကူးကန်(၄)ခု၊ ဘော်လီဘောနှင့် ဘက်စကက်ဘော ကွင်းများ၊ ကလေးများအတွက် သီးသန့်ဥယျာဉ်တို့ ပါရှိသည့် သင်္ဘောကြီး၏ တန်ဖိုးမှာ ဒေါ်လာ(၁.၅)ဘီလျံ အထက်ရှိသည်။ ယင်းသင်္ဘောကြီးအား ဖင်လန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ (၃၀)ရက် နေ့ကမှ ဖင်လန်ဆိပ်ကမ်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ တံတားနှင့်သင်္ဘော ငြိနေခြင်းကြောင့် နှစ်ဖက်စလုံးတွင် ဆိုးဆိုးရွားရွား ထိခိုက်မှုမျိုး မရှိခဲ့ကြောင်း ဒိန်းမတ်ရေကြောင်း အာဏာပိုင်များက အတည်ပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here